Latest News

Thursday, February 9, 2017

မလေးရှားသင်္ဘောပါ ထောက်ပံ့ရေးပစ္စည်းများကို ရခိုင်ရှိ လူမျိုးစုနှစ်ခု စလုံးအား မျှမျှတတပေးဝေမည်

မလေးရှားသင်္ဘောပါ ထောက်ပံ့ရေးပစ္စည်းများကို ရခိုင်ရှိ လူမျိုးစုနှစ်ခု

စလုံးအား မျှမျှတတပေးဝေမည်


သင်္ဘောဆိုက်ကပ်ချိန်တွင် အမျိုးသားရေးအင်အားစုများက ရိုဟင်ဂျာ

မရှိဟု ဆန္ဒပြ


မလေးရှားသင်္ဘောပေါ်တွင် ပါရှိသည့် ထောက်ပံ့ရေးပစ္စည်းများကို ရခိုင်ဒေသရှိ လူမျိုးစု နှစ်ခုစလုံးအား မျှမျှ တတပေးဝေမည်ဖြစ်ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော သည်။

‘‘ကျွန်တော်တို့ကနေ ရခိုင်ပြည် နယ်အစိုးရကို လွှဲပေးမယ်။ ရခိုင်မှာရှိ တဲ့ တကယ်အခက်အခဲဖြစ်နေတဲ့ ဧရိ ယာကလူတွေကို မျှမျှတတဖြစ်အောင်ခွဲပေးမယ်။ အာဆီယံနိုင်ငံတွေအကုန် လုံးက လာလှူလို့ရှိရင် အစကတည်းက ပြောထားတာရှိတယ်။ ဒီပစ္စည်းတွေ ကို ရခိုင်မှာ ခံစားခဲ့ရတဲ့သူတွေ အား လုံးနဲ့ သက်ဆိုင်တယ်ဆိုတာ အားလုံးသိ ပါတယ်’’ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။Food Flotilla for Myanmar ဟု အမည်ပေးထားသည့် မလေးရှားနိုင်ငံရှိ အစ္စလာမ်မစ်အဖွဲ့ အစည်းက ကျပ်သိန်းသုံးထောင် ကျော်တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်လာသည့် Nautical Aliya သင်္ဘောသည် ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့ ရှိ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းများ တွင် စားနပ်ရိက္ခာများ၊ အဝတ် အထည်၊ ဆေးဝါး စသောပစ္စည်း ၁၂ မျိုး ပါဝင်ကာ တန်ချိန် ၂,၀၀၀ကျော် ပါဝင်သည်။ ထို့အပြင် မြန်မာနိုင်ငံမှ ဝယ်ယူထားသော ဆန်တန်ချိန် ၃၀၀ ကျော်ကိုလည်း ပေးဝေမည်ဖြစ်သည်။ ထောက်ပံ့ ရေးပစ္စည်းများကို တပ်မတော်ရေ ယာဉ်များဖြင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောသည်။

‘‘ဒီကနေ့ ကျွန်တော်တို့ လွှဲ ပြောင်းပေးမယ့် ထောက်ပံ့ကူညီ ရေးရိက္ခာပစ္စည်းတွေက မလေး ရှား ရင်းဂစ်ငွေ ငါးသိန်းတန်ဖိုးရှိပါတယ်။ ဒေါ်လာငွေနဲ့ဆိုရင် တော့ ၁ ဒသမ ၁ သန်း တန်ဖိုးနဲ့ ညီမျှပါတယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ ဒီအထဲမှာ တန်ချိန် ၃၀၀ လောက်ရှိတဲ့ ဆန်တွေ လွှဲပြောင်းမှာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး အ တွက် အသုံးပြုဖို့ပစ္စည်းထုပ် တစ် သောင်း၊ ခေါက်ဆွဲခြောက်ပုံး တစ်သောင်းငါးထောင်၊ ရေသန့်ပုံး တစ်ထောင်တွေကို မြန်မာအစိုးရဆီကို ဒီကနေ့လွှဲပြောင်းပေးအပ် သွားမှာ ဖြစ်ပါတယ်’’ဟု မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဖေဖော်ဝါရီ ၉ ရက်၌သီလဝါ ဆိပ်ကမ်းတွင် သတင်းထောက်များအား ပြောကြား သည်။ ထို့နောက် ထောက်ပံ့ရေး ပစ္စည်းများကို ယင်းဆိပ်ကမ်းတွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဒုဝန် ကြီးက ဒေါက်တာဝင်းမြတ်အေး ထံ အခမ်းအနားဖြင့် လွှဲပြောင်း ပေးအပ်ခဲ့သည်။

‘‘ဒီသင်္ဘောကတော့ ပစ္စည်း တွေချပြီးတာနဲ့ ချက်ချင်းပြန်ထွက် မှာပါ’’ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော သည်။

မလေးရှားသင်္ဘောပေါ်တွင် လိုက်ပါလာသူ အားလုံးကို ဆင်းခွင့်ပေးမည် မဟုတ်ဘဲ ဦးရေ ၃၀ ကိုသာ ဆင်းခွင့်ပြုမည်ဟု နှစ်ဖက်ညှိနှိုင်းပြောဆိုထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားသည်။

သို့သော် သင်္ဘောဆိုက်ကပ် ချိန်တွင် သင်္ဘောပေါ်၌ လိုက် ပါလာသည့် ပြင်ပသတင်းထောက် ၁၅ ဦးခန့် ပထမဆုံးဆင်းလာပြီး စေတနာ့ဝန်ထမ်း ၃၀ ကျော် ထပ်မံဆင်းလာသည်ကို လူဝင်မှုကြီး ကြပ်ရေးမှ တာဝန်ရှိသူများက စစ်ဆေးခြင်းမရှိဘဲ ခွင့်ပြုခဲ့သည် ကို တွေ့ရသည်။

ထို့နောက်မှသာ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူများက ၂၉ ဦးသာ ဆင်းခွင့်ပေးမည်ဟု မလေးရှား သင်္ဘောတာဝန်ရှိသူ များထံ သွားရောက် ပြောဆိုခဲ့ သည်ကို တွေ့ရသည်။

ထို့အပြင် သီလဝါဆိပ်ကမ်း သို့ မလေးရှားသင်္ဘောဆိုက်ကပ် ချိန်တွင် အမျိုးသားရေးလှုပ်ရှား သူများက ဆိပ်ကမ်းအပြင်ဘက် ၌ ဖေဖော်ဝါရီ ၉ ရက် နံနက်က စ၍ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

ရဟန်းသံဃာတော်များနှင့် အမျိုးသားရေးလှုပ်ရှားသူ ၅၀ ခန့် သည် မလေးရှားသင်္ဘောဆိုက် ကပ်မည့် သီလဝါဆိပ်ကမ်း MITT ဝင်ပေါက်ရှေ့တွင် ရိုဟင်ဂျာမရှိ (NO ROHINGYA ) စာတန်းများ နှင့် မြန်မာနိုင်ငံ အလံများကိုင် ဆောင်ကာ ဆန္ဒပြ ကန့်ကွက်ခဲ့ သည်။ ‘‘ကျွန်တော်တို့က မလေး ရှားသင်္ဘောကို ကန့်ကွက်တာ မဟုတ်ပါဘူး။ သူတို့က ရိုဟင်ဂျာ တွေကို ထောက်ပံ့ရေးပစ္စည်းတွေ လာပေးလို့ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးဆိုတာ ကို သူတို့သိစေချင်လို့ လှုပ်ရှားမှု ပြုလုပ်တာပါ’’ဟု မလေးရှား သင်္ဘောကို ဦးဆောင်ဆန္ဒပြ ကန့် ကွက်သူ ကိုဝင်းကိုကိုလတ်က ပြောသည်။

ဆန္ဒပြသူများကို တာဝန်ရှိ သူများက ဆိပ်ကမ်းအတွင်းသို့ ဝင်ခွင့်မပေးခဲ့ပေ။

မလေးရှားသင်္ဘောပေါ်တွင် နိုင်ငံ ၁၂ နိုင်ငံမှ စေတနာ့ဝန်ထမ်း ၁၉၅ ဦး လိုက်ပါလာပြီး ယင်း သင်္ဘောသည် မလေးရှားနိုင်ငံ ဆိပ်ကမ်းမှ ဖေဖော်ဝါရီ ၃ ရက် က စတင်ထွက်ခွာလာခြင်း ဖြစ် သည်။

 ယင်းသင်္ဘောသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်များထံသို့လည်း ထောက်ပံ့ရေးပစ္စည်း များ ပေးပို့ရန် ဆက်လက်ထွက်ခွာ မည်ဖြစ်သည်။
7Day News Journal

No comments:

Post a Comment