Latest News

Friday, February 17, 2017

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ကျူးကျော်အသုံးပြုထားခြင်းများ ရှင်းလင်း

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ကျူးကျော်အသုံးပြုထားခြင်းများ ရှင်းလင်း


ရန်ကုန် ဖေဖော်ဝါရီ ၁၇

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဥပဒေနှင့်မညီသော လုပ်ငန်းများရှင်းလင်းခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုရှင်းလင်းရေးအတွက် ဆောင်ရွက်ခြင်းများကို ဇန်နဝါရီ ၁၆ ရက်မှစ၍ သက်ဆိုင်ရာမှစီမံချက်ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်နေမှုအချိန်ကာလ တစ်လတာကြာမြင့်ချိန်အတွင်း ယခင် အနေအထားနှင့် ယခုလပိုင်းမြင်တွေ့ရသော အနေအထားများ လုံးဝကွဲပြား ခြားနား စွာ မြင်တွေ့လာရသည်ဟု ပွဲရုံဝင်းသို့ နေ့စဉ် လာရောက်သူများက ပြောဆိုကြသည်။

ပွဲရုံကားဂိတ်တိုက်ခန်းများ ကားကြီးဝင်းအတွင်းရှိ အဆောက်အအုံများတွင် ယာဉ်ရပ်နားခြင်းနှင့် ကုန်တင်ကုန်ချယာဉ်ရပ်နားရမည့်နေရာများတွင် ကျူးကျော် ဆောက်လုပ် အသုံးပြုထားမှုများကို ဖျက်သိမ်းပေးရန် အသိပေးခြင်းနှင့် လိုက်လံ စစ်ဆေးခြင်းများပြုလုပ်မှုများ မြင်တွေ့ရသည်။

ကားကြီးဝင်းအတွင်း ယာဉ်ရပ်နား၍မရခဲ့သော အဆောက်အအုံငယ် များ၊ မြေကွက်လပ်များတွင် ကျူးကျော်အသုံးပြုဆောက်လုပ်ထားခြင်းများ ဖျက်သိမ်း ပေးလာကြသဖြင့် ယာဉ်ကြီးများရပ်နား၍ရလာသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။

ထို့အတူပွဲ ရုံဝင်းအတွင်း လမ်းသွယ်အချို့တွင် ကျူးကျော်ဆောက်လုပ် အသုံးပြု နေသောတိုက်ခန်း အရှေ့ဘက်နှင့် အနောက်ဘက်လမ်းကြား များတွင်လည်း ဖျက်သိမ်း မှုများ မြင်တွေ့လာရသည်။ ရေမြောင်းတစ်လျှောက် အင်္ဂတေများဖြင့် ဖုံးအုပ်ထားမှု များကိုလည်း သက်ဆိုင်ရာမှစစ်ဆေး ၍ ရေမြောင်းအတွင်း လူဝင်ထွက်နိုင်သည့် အပေါက်များဖောက်လုပ်ရန် òန်ကြားထားကြောင်း သိရသည်။

ပွဲရုံဝင်းအတွင်း တိုက်ခန်းအရှေ့အနောက်ကြားများတွင်သာမက ကားကြီးဝင်း အတွင်းပါ ကျူးကျော်အသုံးပြုနေမှုများ ရှင်းလင်းဖျက်သိမ်းမှုများကြောင့် ယာဉ်ရပ်နားခြင်း၊ ကုန်တင်ကုန်ချခြင်း၊ မောင်းနှင်သွားလာခြင်းများ လွယ်ကူလာပြီ ဖြစ်ကြောင်း သိရသည်။

ခင်ဆိုင် - ပြန်/ဆက်

No comments:

Post a Comment