Latest News

Thursday, February 9, 2017

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ယုံကြည်စိတ်ချ လောက်စရာ မရှိဘဲ နိုင်ငံတကာလေ့လာသူများ ပါဝင်သင့်ဟု ကုလဆို

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ယုံကြည်စိတ်ချ

လောက်စရာ မရှိဘဲ နိုင်ငံတကာလေ့လာသူများ ပါဝင်သင့်ဟု ကုလဆို



လက်ရှိမြန်မာအစိုးရက ဖွဲ့စည်းထားသော မောင်တော ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယုံကြည်စိတ်ချ လောက်စရာမဟုတ်၍ နိုင်ငံတ ကာ လေ့လာသူများပါဝင်သော လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မျိုးဖြင့် စုံ စမ်းစစ်ဆေးသင့်ကြောင်း ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်၏ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၇ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နယူးယောက်မြို့ရှိ ကုလ သမဂ္ဂ ဌာနချုပ်တွင်ပြုလုပ်သော နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ လူ့အခွင့်အရေးချိုးဖောက်ညှဉ်း ပန်းနှိပ်စက်မှုများကို လွတ်လပ် သော စုံစမ်းစစ်ဆေးရေး ပြုလုပ် ရန်  တောင်းဆိုသော လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ  ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ်၏ ကြေညာချက်ကို ဖတ် ကြားခဲ့သည်။

‘‘ဒီအရေးကိစ္စကို မဆိုင်းမ တွ စုံစမ်းစစ်ဆေးဖို့အတွက် အ စိုးရရဲ့ ကတိပေးလုပ်ဆောင်မှုကို  အထူးအကြံပေးပုဂ္ဂိုလ်က ကြိုဆို ခဲ့ပါတယ်။ ဒါပေမဲ့  အခင်းဖြစ်ပွား ရာ နေရာတွေကို ဝင်ရောက်မှု နှောင့်နှေးခဲ့ပြီးတော့ အမှန်တရား  ကို သက်သေပြဖို့အတွက် ဘာမှ  ရှာမတွေ့ခဲ့တဲ့ အစိုးရကော်မရှင်နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ထပ်လောင်း ပြောခဲ့ပါတယ်။ လက်ရှိကော်မရှင်ဟာ နောက် ထပ် စုံစမ်းစစ်ဆေးမှုအသစ်ကို  တာဝန်ယူလုပ်ဆောင်ဖို့အတွက်  ယုံကြည်စိတ်ချလောက်စရာ မ ဟုတ်ဘူးလို့ပြောပါတယ်။ ဘယ် လိုစုံစမ်းစစ်ဆေးမှုကိုမဆို နိုင်ငံ တကာ လေ့လာသူတွေပါဝင်တဲ့ တကယ့်အစစ်အမှန် လွတ်လပ် ပြီးတော့ သမာသမတ်ကျ ဘက်မ လိုက်တဲ့ အဖွဲ့တစ်ဖွဲ့ကနေ စုံ စမ်းစစ်ဆေးဖို့ တိုက်တွန်းလိုက် ပါတယ်’’ဟု ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျာရစ်ကဆိုသည်။

ထိုကဲ့သို့ နိုင်ငံတကာလေ့ လာသူများပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စုံစမ်းခွင့်ပြုပေး၊ မပေး နိုင်ငံတော်အတိုင်ပင်ခံရုံး  သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေးထံဆက် သွယ်မေးမြန်းရာ မြန်မာ၏ ရပ် တည်ချက်မှာ ဖေဖော်ဝါရီ ၈ ရက် ထုတ် နေပြည်တော်ထုတ်ပြန်ချက် အတိုင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့ သည်။

ယင်းထုတ်ပြန်ချက်၌ အ မျိုးသားစုံစမ်းစစ်ဆေးရေး ကော် မရှင်သည် စွပ်စွဲချက်များနှင့် ပတ် သက်သည့် ၎င်း၏လုပ်ငန်းတာဝန် များကို ဆက်လက်ဆောင်ရွက် မည်ဖြစ်ပြီး လူ့အခွင့်အရေး ချိုး ဖောက်မှုနှင့် တရားမဝင်လုပ် ရပ်များ၊ ကျူးလွန်ဖောက်ဖျက်သူ များကို အရေးယူဆောင်ရွက်သွား မည်ဟုပါရှိသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး (OH CHR) က လတ်တလောအစီရင် ခံစာ၌တွေ့ရသည့် မြန်မာလုံခြုံ ရေးတပ်ဖွဲ့ဝင်များက ရခိုင်ပြည် နယ်မြောက်ပိုင်းတွင် ဘင်္ဂါလီ (ရိုဟင်ဂျာ)များအပေါ် ပြင်းထန် သောလူ့အခွင့်အရေး ချိုးဖောက်မှု များ ကျူးလွန်နေမှုများကြောင့် အထိတ်တလန့်ဖြစ်ရကြောင်း လူ မျိုးတုံး သတ်ဖြတ်မှုတားဆီးရေး ဆိုင်ရာ ကုလအထူးအကြံပေးက ဖေဖော်ဝါရီ ၆ ရက်တွင် ကြေညာ ချက် တစ်စောင် ထုတ်ခဲ့သည်။

     ဖေဖော်ဝါရီ ၈ရက်ထုတ်မြန်မာ အစိုးရ၏ တုံ့ပြန်ကြေညာချက်၌  OHCHR အစီရင်ခံစာတွင် ပါရှိ သည့် စွပ်စွဲချက်များသည် အလွန် စိုးရိမ်စရာ သဘောရှိသည်ဟု မြန် မာအစိုးရက ထင်မြင်ယူဆပြီး အ စီရင်ခံစာနှင့်စပ်လျဉ်း၍ စိုးရိမ်မ ကင်းဖြစ်ကြောင်း၊ ဒုသမ္မတဦးမြင့် ဆွေ ဦးဆောင်သော စုံစမ်းစစ် ဆေးရေး ကော်မရှင်မှတစ်ဆင့် ယင်းစွပ်စွဲချက်များကို စုံစမ်းစစ် ဆေးလျက်ရှိကြောင်း ဖော်ပြလာ သည်။ ကျူးလွန်ခဲ့သည့် အ ထောက်အထား အခိုင်အမာရှိပါ က အစိုးရအနေဖြင့် လိုအပ်သော အရေးယူမှုများ ပြုလုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က လူ့ အခွင့်အရေး မဟာမင်းကြီးအား  ဖေဖော်ဝါရီ ၃ ရက်က ဖုန်းဖြင့် ရှင်းပြခဲ့ကြောင်း ထောက်ပြထားသည်။

ဖေဖော်ဝါရီ ၈ ရက်တွင် နေပြည်တော်၌ ဒုသမ္မတ ဦး ဆောင်သော ကော်မရှင်အစည်းအဝေး ပြုလုပ်ခဲ့သည်။ ၎င်းတို့ရေး သားလျက်ရှိသော ကော်မရှင် အစီရင်ခံစာတွင် အချို့စွပ်စွဲချက် များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြီး သားရှိနေပြီဖြစ်ပြီး ဆက်လက်စုံ စမ်းသင့်စရာများလည်းရှိကြောင်း၊ အစီရင်ခံစာ၌ အချက်အလက် ပြည့်စုံစွာပါရန် စီစဉ်ထားကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သမ္မတရုံး ထုတ်ပြန်ချက်၌ ပါရှိသည်။

အခြားသတင်းတစ်ရပ်တွင် အီတလီနိုင်ငံ ဗာတီကန်နန်းတော် ၌ ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ် သော ဝတ်ပြုဆုတောင်းပွဲတွင် လည်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် က မြန်မာနိုင်ငံ၌ ဘင်္ဂါလီများ သည် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် မွတ်စလင်ယုံကြည်မှုအတိုင်း နေ ထိုင်လိုမှုသက်သက်ကြောင့် နှိပ် စက်ညှဉ်းပန်း သတ်ဖြတ်ခံနေရ ကြောင်း ပြောကြားခဲ့သည်။ ပုပ်ရ ဟန်းမင်းကြီးသည် ကြိုတင်ပြင် ဆင်မထားဘဲ  ယင်းကိစ္စနှင့် ပတ် သက်၍ ထည့်သွင်းပြောကြားပြီး ၎င်းတို့အတွက် ဆုတောင်းပေးခဲ့ သည်။
7Day News Journal

No comments:

Post a Comment