Latest News

Wednesday, February 8, 2017

'' ဖြစ်မှ ဖြစ်ရလေ ဗိုလ်ချုပ်ရယ် ''

'' ဖြစ်မှ ဖြစ်ရလေ ဗိုလ်ချုပ်ရယ် ''


မနက်စာကို ရရင် စားချင်တယ် တဲ့။ ရရင် စားချင်တယ် ဆိုတာ မရနိုင်တဲ့ အခြေအနေတွေရှိနေလို့။

ရဲဘော်တွေ နဲ့ အတူ ဆန်ကြမ်း ထမင်း နဲ့ နေ့တိုင်းစားနေတဲ့ သူ့ ရဲ့ ဘဝမှာ ပဲပြုတ် နဲ့ နံပြားဆိုတာ အလွယ်တကူ ရနိုင်မှာ မဟုတ်တဲ့ အခြေအနေ မျိုး မှာ ဇနီးသည် ကို  အကြပ်မရိုက်စေတဲ့ တောင်းဆိုမှုလေးပေါ့။

'' ကြည် ရေ ပဲပြုတ် နဲ့ နံပြား ရရင် စားချင်တယ် ''
-----------
အောင်ဆန်း

သြော် ဗိုလ်ချုပ် ရယ် ရရင် စားချင်တယ် ဆိုတာ မရရင် မစားတော့ပါဘူး ဆိုတဲ့ အဓိပ္ပါယ် ပေါ့။

မြန်မာနိုင်ငံ ရဲ့ စစ်သေနာပတိချုပ် တစ်ယောက် ဖြစ်ပြီး လွတ်လပ်ရေး ရအောင် သွေးသောက် သစ္စာဆို ။ တော်လှန်ရေး အကြောင်းစဉ်းစား ရင်း ဆံပင် ညှပ်တာ မပြီးခင် ထပြေး ။ ကိုယ့်သားလေး ဈပန တောင် ကြည် ရေ ကြည့်လုပ်ထားလိုက် ။ သတိရလွန်း လို့ လာလည် တဲ့ အမေ ကို စကားတစ်ခွန်းမှ မပြော ပြန်မှ ရထားတွဲပေါ်က အမေကို ကုန်းကန်တော့ပြီး မျက်ရည်ကျရှာတဲ့ အညာသားလေး အောင်ဆန်း ရဲ့ တောင်းဆိုမှု က ရရင်စားချင်တယ် လို့။

သူ့ကျွန်ဘဝ က လွတ်အောင် လုပ်ပေးခဲ့တဲ့ ဗိုလ်ချုပ် ရဲ့ ရရင် စားချင်တယ် ဆိုတဲ့ ဆန္ဒလေးကို တောင် မဖြည့်ဆည်းပေးနိုင်တဲ့ ဖြည့်ဆည်းခွင့် မရှိတဲ့  ကျွန်တော်တို့ ပြည်သူတွေ အတွက်   အဲ့ဒီ စကားက နှလုံးသား ကို အက်ဆစ် နဲ့ ပက်သလိုပါပဲ ဗိုလ်ချုပ်ရယ်။

--------------
မင်းရသ

မနက်ဖြန် ညမှာ တော့ ဗိုလ်ချုပ် ရဲ့ချစ်ဖို့ကောင်းတဲ့  ပြည်သူတွေ ရင်ထဲ ကျန်ရစ်ခဲ့တဲ့ စကားတွေ ည ၁၀ နာရီထိုးမှာ တင်ပေးသွားမှာဖြစ်ပါတယ်။

No comments:

Post a Comment