Latest News

Sunday, February 12, 2017

မျက်နှာအဆီပြန်သူများအတွက် လွယ်ကူသောကုထုံးများ

မျက်နှာအဆီပြန်သူများအတွက် လွယ်ကူသောကုထုံးများ

မျက်နှာအဆီပြန်လွန်းလို့ ဝက်ခြံထွက်တဲ့အခါ မိမိကိုယ်ကိုယုံကြည်မှုပျောက်ဆုံးနေရပါသလား? ဘာမှစိတ်မပူပါနဲ့။ ယခုဖော်ပြမယ့် နည်းလမ်းများက လွယ်ကူရိုးရှင်းပြီး လူတိုင်းအတွက်အဆင်ပြေစေတာကြောင့် ရေးသားဖော်ပြပေးလိုက်ပါတယ်ရှင့်။

၁)ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ဟာ အေးမြတဲ့အာနိသင်ရှိတာကြောင့် မျက်နှာအဆီပြန်အပြင် မျက်နှာပေါ်မှ အစက်အပြောက်များကို ဖယ်ရှားပေးနိုင်ပါသေးတယ်။

အသုံးပြုပုံ။ ။ ရှားစောင်းလက်ပက်အတွင်းသားကို ဓားဖြင့်ပါးပါးလှီးပီး မျက်နှာပေါ်မိနစ်(၃၀)ခန့် ကပ်ထားပေးပါ။ ပြီးနောက် ရေအေးဖြင့်ဆေးကြောသန့်စင်ရုံပါပဲ။

၂)ပန်းသီး

ပန်းသီးမှာပါဝင်တဲ့ Malic Acid က မျက်နှာပေါ်တွင် မလိုအပ်တဲ့အဆီပိုထုတ်လွှတ်မှုများကို ထိန်းညှိပေးပြီး ဆဲလ်သေများကို ဖယ်ရှားပေးနိုင်တဲ့ အကျိုးအာနိသင်ရှိပါတယ်။

အသုံးပြုပုံ။ ။ ပန်းသီးကို ပါးပါးလှီးပြီး မျက်နှာတစ်ပြင်လုံးပေါ်သို့ (၁၅)မိနစ်ခန့်ကပ်ထားပေးပါ။ ထို့နောက် ကြက်သီးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

၃)သခွားသီး

သခွားသီးဟာဆိုရင် ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်မြင့်မားစွာပါဝင်တာကြောင့် မျက်နှာအသားအရည်တွန့်လွယ်သူများကို ပြန်လည်တင်းရင်းလာစေပြီး၊ အဆီပြန်သူများအတွက်လည်း ကြည်လင်ဝင်းပတဲ့မျက်နှာပိုင်ရှင်လေး ဖြစ်နေစေမှာအသေအချာပါပဲ။

အသုံးပြုပုံ။ ။ သခွားသီးကိုပါးပါးလှီးပြီး မျက်နှာပေါ်ကပ်ထားပေးပါ။ မိနစ် (၂၀)ခန့်ကြားပြီးနောက် ရေအေးအေးလေးဖြင့်ဆေးချလိုက်ပါ။ အေးမြလန်းဆန်းတဲ့ခံစားချက်ကို သိမြင်ခံစားရပါလိမ့်မယ်။ ထို့ပြင် နေလောင်ဒဏ်ကြောင့် မျက်နှာညိုမည်းသူမျာယအနေဖြင့် သခွားသီးကိုအရည်ကျိတ်ပြီး သံပရိုရည်အနည်းငယ်ဖြင့်ရောစပ်ပြီး ပေါင်းတင်နိုင်ပါသေးတယ်နော်။

Sources : စံပယ်(ရွှေအင်းလေး)

No comments:

Post a Comment