ငလျင်ဒဏ်ခံ နံရံပန်းချီများ အီတလီပညာရှင်နှင့် ပြုပြင်ရန် စီစဉ်
ငလျင်ဒဏ်ခံ ပုဂံရှေးဟောင်းအမွေအနှစ် နယ်မြေရှိ ဘုရား ၅၂ဆူမှ နံရံဆေးရေး ပန်းချီများ ပြုပြင်ရန် အီတလီမှ ပညာရှင်ကို ငှားရမ်းရန် စီစဉ်နေကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
နံရံဆေးရေးပန်းချီရှိသည့် ဘုရားပေါင်း ၁၅၂ဆူရှိရာ အရေးပေါ်ပြုပြင်ရမည့် ဘုရားများမှ ၅၆ဆူဖြစ် ကြောင်း လတ်တလောတွင် ရှေး ဟောင်းသုတေသနဌာနက ရွေးချယ်ပေးသည့် ဘုရား ၃ဆူခန့်ကိုသာ စတင်ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းတင်ရန် စီစဉ်နေသည့် ပုဂံရှေးဟောင်းအမွေအနှစ် နယ်မြေတွင် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ချောက်ငလျင်ကြောင့် ပုဂံရှိ ဘုရားပုထိုးပေါင်း ၃၉၇ ဆူပါ ဝင်ပျက်စီးခဲ့ရပြီး၊ နံရံဆေးရေးပန်းချီမှာလည်း အချပ်လိုက်ကွာကျခဲ့ရပါတယ်။
ဧရာဝတီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment