Thursday, February 23, 2017
မိုလ်ဆူးမြို့ လေဆိပ်ကြီးကို အီရတ် အစိုးရတပ်ဖွဲတွေ ပြန်သိမ်းပိုက်နိုင်
အီရတ်အစိုးရတပ်ဖွဲတွေ ဟာ အိုင်အက်စ်အစွန်းရောက်အဖွဲ့ လက်ထဲကနေ မိုလ်ဆူးမြို့ ရှိ အဓိက
လေဆိပ်ကြီးကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိ ရပါတယ်။
အီရတ်အစိုးရ တပ်ဖွဲတွေ ဟာ ပြီးခဲ တဲ့ လတွေတည်းက မိုလ်ဆူးမြို့ကို သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်တိုက်
ခိုက်နေခြင်းဖြစ်ပြီး အိုင်အက်စ်အဖွဲ့တွေ ဟ မြေပြင်တိုက်ပွဲတွေမှာ အရေးနိမ်ခဲ့တာကြောင့် လေဆိပ် ကနေ မြို့အပြင်ဘက်ရှိ အီရတ်အစိုးရတပ်ဖွဲတွေကို မော်တာတွေ၊ အမြှောက်တွေ နဲ့ ခုခံတိုက်ခိုက်နေချိန်မျာ
အီရတ်တပ်ဖွဲတွေက လေဆိပ်ကြီးကို ပြန်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လိုအီရတ် အစိုးရတပ်ဖွဲဗိုလ်မှုးကြီး
တစ်ဦး ကပြောပါတယ်။
မိုလ်ဆူးမြို့ လေဆိပ်ကိုတိုက်ခိုက်ချိန်မှာအမေရိကန်လေတပ်ဖွဲ့ လေကြောင်း ကဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ပေးခဲ့ပြီး အီရတ်အစိုးရတပ်ဖွဲ့တွေက မြေပြင်ကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
အီရတ်အစိုးရတပ်ဖွဲတွေ ဟာ ပြီးခဲတဲ့ လတုန်းက မိုလ်ဆူးမြို့အရှေဘက်ပိုင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အခု
မိုလ်ဆူးမြို့အနောက်ပိုင်း ကလေဆိပ် ကြီးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အိုင်အက်စ်အဖွဲ့တွေဟာ လေဆိပ်က မဆုတ် ခွာမီလေယာဉ်ပြေးလမ်းတွေ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်ကို သိမ်းပိုက်နိုင်တာ ဟာ မိုလ်ဆူးမြို့အနောက်ဘက်ပိုင်း ရှိမဟာဗျူဟာ လမ်းကြောင်းတွေအတွက် ထိုးစစ်ဆင်ဖို့ အဆင်ပြေသွားပြီလို့ သုံးသပ်မှုတွေရှိနေပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
မိုလ်ဆူးမြို့ လေဆိပ်ကြီးကို အီရတ် အစိုးရတပ်ဖွဲတွေ ပြန်သိမ်းပိုက်နိုင်
Reviewed by timeayeyar
on
7:50 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment