Latest News

Friday, February 3, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ကမ္ဘောဒီးယားဘုရင်တို့ တွေ့ဆုံ


နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ကမ္ဘောဒီးယားဘုရင်တို့ တွေ့ဆုံ

Photo - MOI

နိုင်ငံတော်သမ္မတ ဦး ထင်ကျော်သည် ကမ္ဘောဒီးယား နိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက်ပရယ်ဘိုရိုနစ်နိုရိုဒွန်သီ ဟာမိုနီနှင့် ဘုရင့်နန်းတော်၌ ဖေ ဖော်ဝါရီ ၃ ရက်က တွေ့ဆုံခဲ့ သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ပညာ ရေး၊ သာသနာရေးနှင့် ယဉ်ကျေး မှုဆိုင်ရာကဏ္ဍများ၌ ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ် များကို ပိုင်ဆိုင်ထားသည့် နိုင်ငံ များဖြစ်၍ ခရီးသွားလုပ်ငန်းပိုမို ဖွံ့ဖြိုးရန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးကြကြောင်း နိုင်ငံပိုင်  မီဒီယာက  ထုတ်ပြန် သည်။

ထို့ပြင် ဆွေးနွေးပွဲ၌ ကမ္ဘော ဒီးယားဘုရင်မင်းမြတ်က မြန်မာ နိုင်ငံသည် ပိုမိုပွင့်လင်းမြင်သာမှု ရှိလာပြီး ပိုမို ဖွံ့ဖြိုးတိုးတက်လာ သည်ကို တွေ့မြင်ရ၍ ဝမ်းသာ အားရဖြစ်ရပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့်ကဏ္ဍ စုံဖွံ့ဖြိုးမှုလုပ်ငန်းများကို အောင် မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဟု မိမိအ နေဖြင့် ယုံကြည်ပါကြောင်း ထည့် သွင်းပြောကြားခဲ့သည်။

  တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်စုစုလွင်၊ ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုးနှင့်တာဝန် ရှိသူများတက်ရောက်ကြသည်။

ညနေပိုင်းတွင် နိုင်ငံတော် သမ္မတနှင့်ဇနီးတို့သည် ဖနွမ်းပင် မြို့ရှိ လွတ်လပ်ရေးကျောက်တိုင် နှင့် ဘုရင်ဟောင်း နိုရိုဒွန်သီဟာနု ၏အထိမ်းအမှတ် ကျောက်တိုင် သို့ သွားရောက်၍ ဂုဏ်ပြုပန်းခွေ ကျအလေးပြုခဲ့သည်။

ထို့နောက် ညစာစားပွဲတွင် နိုင်ငံတော်  သမ္မတ ဆုတောင်း ထောမနာပြုရာ၌ မိမိတို့နှစ်နိုင်ငံ အကြား ပိုမိုခိုင်မာသည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးများ ဖော် ဆောင်ရန်အခွင့်အလမ်းများစွာ ကျန်ရှိနေပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများဖြင့် ယင်းအခွင့် အရေးများကို လက်တွေ့  အ ကောင်အထည်ဖော်သွားနိုင်မည် ဟု ခိုင်မာစွာယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံအ ကြား အစဉ်ရှိလာသည့် ချစ်ကြည် ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု များသာမက ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောမှုထိန်းသိမ်းရေးတို့ အတွက် နိုင်ငံတကာမျက်နှာစာ တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ သည်။


7Day News Journal

No comments:

Post a Comment