Latest News

Wednesday, February 1, 2017

ရှေ့နေ ဦးကိုနီနှင့် ကိုနေဝင်းအတွက် ဘာသာနှစ်ခု ထုံးစံဖြင့် ကုသိုလ်ပြုမည်

ရှေ့နေ ဦးကိုနီနှင့် ကိုနေဝင်းအတွက် ဘာသာနှစ်ခု ထုံးစံဖြင့် ကုသိုလ်ပြုမည်

လုပ်ကြံခံရပြီး ကွယ်လွန်သွားတဲ့ ရှေ့နေ ဦးကိုနီနဲ့ တရားခံကို ဖမ်းဆီးရင်း သေဆုံးခဲ့တဲ့ တက္ကစီ ယာဉ်မောင်း ကိုနေဝင်း တို့အတွက် ဘာသာရေး ထုံးတမ်းစဉ်လာတွေနဲ့ အညီ ကောင်းမှု ကုသိုလ်တွေ ပြုလုပ်ပြီး စတုဒီသာ ကျွေးမွေးဖို့ စီစဉ်နေပါတယ်။

ဗိုလ်တထောင်မြို့နယ် အမှတ် ၈ ရပ်ကွက်သားတွေက စုပေါင်း လုပ်ဆောင်ကြတာလို့ သိရပါတယ်။

“အစ္စလာမ် ဘာသာရေးအရ ကုရ်အာန်ကျမ်း အစအဆုံး ရွတ်ဖတ်မယ်။ သံဃာတွေကို ဆွမ်းကပ်မယ်။ လူပေါင်း တစ်ထောင်အတွက် စတုဒီသာ ကျွေးမွေးဖို့လည်း စီစဉ် ထားပါတယ်” လို့ စီစဉ်သူ တဦးဖြစ်တဲ့ ဦးလှမင်းက ပြောပါတယ်။

ဆုတောင်းပွဲကို လာမယ့် စနေနေ့၊ မနက် ၁၀ နာရီ ကနေ ၁၂ နာရီအထိ၊ ဦးကိုနီ နေအိမ်ရှိရာ ၄၂ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထိပ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment