Latest News

Wednesday, February 22, 2017

သင်ဂရုမပြုဘဲ မနေသင့်တဲ့ အနံ့ (၃) မျိုး

သင်ဂရုမပြုဘဲ မနေသင့်တဲ့ အနံ့ (၃) မျိုး



ပုံမှန်အားဖြင့်တော့ ခန္ဓာကိုယ်အနံ့ဟာ ရေချိုးခြင်းလို တစ်ကိုယ်ရေသန့်ရှင်းမှုကြောင့် ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီလို သာမန်လောက်နဲ့ ခန္ဓာကိုယ်အနံ့က ပျောက်သွားခြင်းမရှိဘူးဆိုရင်တော့ သတိထားဖို့ လိုပါတယ်။ ခန္ဓာကိုယ် အနံ့နံခြင်းဟာ ရောဂါကြီးတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ အချို့ရောဂါတွေဟာ ခန္ဓာကိုယ်မှာ မတူတဲ့ အနံ့တွေကို ထွက်ပေါ်စေပါတယ်။

သင်ဂရုမစိုက်လို့ မရတဲ့ အနံ့ သုံးမျိုးရှိပါတယ်။

၁ - သစ်သီးနံ့
ခန္ဓာကိုယ်မှာ အင်ဆူလင် လျော့နည်းပြီး သွေးတွင်းသကြားဓာတ်မြင့်တက်လာတဲ့အခါ သွေးချိုဆီးချို ဖြစ်ပွားလာပါတယ်။ ခန္ဓာကိုယ်အလုပ်လုပ်ဆောင်ဖို့  စွမ်းအင်ကို မဖော်ဆောင်နိုင်တဲ့အခါမှာ လောင်စာစွမ်းအင်အတွက် ဖက်တီးအက်ဆစ်တွေကို စတင်ဖြိုခွဲပါတယ်။ ဒီလိုဖြစ်တဲ့အခါ ketones လို့ခေါ်တဲ့ အက်ဆစ်ဓာတ်တစ်မျိုးဟာ သွေးတွင်းဖြစ်ပေါ်လာပြီး သင့်ပါးစပ်ကနေ သစ်သီးနံ့ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအနံ့ကို သင်ကိုယ်တိုင်သတိမပြုမိခင် သင့်ဘေးနားက တစ်ယောက်က အရင် သတိပြုမိနိုင်ပါတယ်။ အန်တာတွေ၊ အပေါ့ခဏခဏသွားတာတွေလည်း ဖြစ်လာတတ်ပါတယ်။

၂ - ဆီးနံ့ နံခြင်း
ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ အပေါ့သွားရင် စူးရှတဲ့အနံ့မျိုးကို ရပါတယ်။ ဒါဟာ ဆီးလမ်းကြောင်းထဲ ပိုးဝင်ရောက်နေလို့ ဖြစ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေ ပိုမို အဖြစ်များလေ့ရှိပါတယ်။ သင်အပေါ့သွားတဲ့အခါ စူးရှတဲ့အနံ့မျိုးခဏခဏ ရနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။


၃ - ခံတွင်းနံ့ဆိုး
ပုံမှန်ခံတွင်းသန့်ရှင်းမှုလုပ်နေပေမယ့်လည်း ခံတွင်းအနံ့ဆိုးထွက်နေတာဟာ sleep apena ကြောင့်ပါ။ sleep apena ဆိုတာ အိပ်စက်နေစဉ် အသက်ရှုမှုပုံစံ ပုံမှန်မဟုတ်တာ ဖြစ်ပါတယ်။ အိပ်တဲ့အခါမှာ ဟောက်တတ်ပြီး တစ်ညလုံး ပါးစပ်နဲ့ အသက်ရှူနေတတ်ပါတယ်။ ပါးစပ်ဟာ ခြောက်သွေ့ပြီး ခံတွင်းအနံ့ဆိုးထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလိုအိပ်စက်မှု ပုံစံ ရှိနေတာဟာ သွေးပေါင်ချိန်မြင့်မားတာ၊ နှလုံးရောဂါရှိတာ၊ သွေးချိုဆီးချို ရှိတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

Photos & Source: Men's Health : Duwun

No comments:

Post a Comment