Latest News

Wednesday, February 8, 2017

ငါးသိုင်းချောင်းမြို့ရှိ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ငါးသိုင်းချောင်းမြို့ရှိ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ရေနံ့သာကျေးရွာအုပ်စု၊ သဗြုပင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၆ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က သဗြုပင်ကျေးရွာသာသန၀ိဇယကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ ဖျားနာရောဂါ၊အရေပြားရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင် ဒေသခံပြည်သူ ၁၄၆ ဦးအား လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုကို တိုင်းမှူး  နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment