Latest News

Sunday, February 12, 2017

လူရှစ်ဦးသေဆုံးခဲ့သော ကားမီးလောင်မှုတွင် ကားပေါ်မှ ဆင်းလာသူဟု စွပ်စွဲခံရသူက လမ်းကြုံ၍ ဝင်ကူပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြား

လူရှစ်ဦးသေဆုံးခဲ့သော ကားမီးလောင်မှုတွင် ကားပေါ်မှ ဆင်းလာသူဟု စွပ်စွဲခံရသူက လမ်းကြုံ၍ ဝင်ကူပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြား

လူရှစ်ဦးသေဆုံးခဲ့သည့် အမြန်လမ်းကားမီးလောင်မှု ဖြစ် စဉ်တွင် အသက်ရှင်ကျန်ခဲ့သော ယာဉ်မောင်းနှင့်အတူ ကားပေါ်မှ ဆင်းလာသည်ဟု စွပ်စွဲပြောဆိုခံ ရသူသည် မီးလောင်ခံရသည့်ကားနှင့်အတူ လိုက်ပါလာသူမဟုတ်ဘဲ လမ်းကြုံ၍ အကူအညီပေးခြင်းသာဖြစ်ကြောင်း ကာယကံရှင်က 7Day Daily သတင်းစာအား ပြောသည်။

ဇန်နဝါရီ ၂၁ ရက် နံနက်က ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် လူကိုးဦး လိုက်ပါလာ သည့် ဟိုက်အေ့စ်ယာဉ်သည် မ တော်တဆမှုဖြစ်ပြီး မီးလောင် ကျွမ်းခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။ ယင်းတွင် ယာဉ်မောင်းဖြစ်သူသာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ကျန်ရှစ်ဦးသည် ကားအတွင်း မီးလောင်သေဆုံးခဲ့သည်။

သို့သော် သတင်းဂျာနယ် တစ်စောင်ကမူ ကျန်ရစ်ခဲ့သည့် ယာဉ်မောင်းကိုအောင်ခန့်အပြင် အခြားတစ်ဦးပါ မီးလောင်သည့် ကားအတွင်းမှ ဆင်းလာခဲ့ကြောင်း မျက်မြင်သက်သေဆိုသူများကို ကိုးကားရေးသားခဲ့သည်။ ယာဉ်မောင်းကိုအောင်ခန့်နှင့် အခြား အမျိုးသားတစ်ဦး၏ပုံကိုပါ ဖော်ပြခဲ့ရာ လူအများကြား စိတ်ဝင်စားမှုများ ဖြစ်ပေါ်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျံ့နှံ့ခဲ့ကာ ဝေဖန်မှုများလည်း မြင့်တက်ခဲ့ သည်။

အဆိုပါဓာတ်ပုံများတွင် ပါရှိသည့် ကိုအောင်ခန့်နှင့်အတူ ဆင်း လာသူဟု စွပ်စွဲခံရသော ကိုခွန်ရန်နိုင်ဦးက ရန်ကုန်မှ ဒိုက်ဦးမြို့သို့ အပြန်တွင် ကားမီးလောင်မှုကို တွေ့ရှိသဖြင့် အကူအညီပေးခဲ့ ခြင်းသာဖြစ်ကြောင်း ၎င်းက 7Day Daily အား ပြောသည်။

‘‘ကျွန်တော့်အဖေရယ်၊ အ မေရယ်၊ ကျွန်တော်ရယ် ရန်ကုန် ကနေ ဒိုက်ဦးကိုပြန်တာ အစ်ကို။ ရှစ်နာရီကျော်လောက်တော့ လေးမိုင် ၂ ဖာလုံရောက်တော့ ကားတစ်စီး မီးလောင်နေတာတွေ့တယ်ဆို လို့ ရှေ့ကကားက ထိုးရပ်လိုက် ရော။ ကျွန်တော်တို့ကားကလည်း ထိုးရပ်လိုက်တယ်။ ဘယ်လိုကူညီ ရမလဲဆိုပြီး ကားမီးလောင်တဲ့နား ကို သွားကြည့်တယ်။ အခု ဖေ့စ် ဘွတ်ခ်မှာ ပျံ့နေတဲ့ ကိုအောင်ခန့် ပြောနေတဲ့ဖုန်းက ကျွန်တော့ဖုန်း။ သူက သူ့အိမ်ကို ဖုန်းပြောချင် တယ်ဆိုလို့ ကျွန်တော့်ဖုန်းကို ပေး ပြောလိုက်တာ။ သူ့အမေဆီကို ဖုန်းပြောနေတာတော့ ကြားရ တယ်။ ကျွန်တော့်ဖုန်းက သူ့ဆီမှာ ဆိုတော့ ကျွန်တော်က သူ့နားမှာပဲ နေနေတာပေါ့။ အခုဖြစ်ချင်တော့ အဲဒါတွေကို ဗီဒီယိုတွေရိုက်ပြီး ကျွန်တော့်ကို ဆယ်ယောက်မြောက် ဘာညာလို့ ပြောနေတာ’’ဟု ကိုခွန်ရန်နိုင်ဦးက ပြောသည်။

READ  နမ့်စန်မြို့နယ် ကျေးလက် နေအိမ်တလုံး မီးလောင် မိသားစု သုံးဦးစလုံးသေဆုံးအဆိုပါအမှုကို စစ်ဆေးနေ သော မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)မှ အရာရှိကလည်း မီးလောင်နေ သည့် ကားပေါ်မှ ဆင်းလာသူ သည် နှစ်ဦးမဟုတ်ဘဲ ကိုအောင် ခန့် တစ်ဦးတည်းသာဖြစ်ကြောင်း မီဒီယာအချို့အား ပြောကြားထား သည်။ မီးလောင်နေသည့် ကားအနီးသို့ ဦးစွာရောက်ရှိသည့် အဓိက မျက်မြင်သက်သေနှစ်ဦးရှိပြီး နှစ်ဦးစလုံးကို စစ်ဆေးပြီးကြောင်း စီအိုင်ဒီမှ ရဲမှူးမိုးအောင်က ပြောကြားကြောင်း The Voice သတင်း စာတွင် ဖော်ပြထားသည်။

Sources : 7Day News Journal

No comments:

Post a Comment