Latest News

Monday, February 27, 2017

အထက ဇီးဖြူကွင်း ကျောင်းဆောင်သစ်တည်ဆောက်မှုရပ်နားထားရ


တိုင်းဧရာအစိုးရ ဘက်ဂျက်နဲ့ တာဝန်ယူတည်ဆောက်နေတဲ့  သာပေါင်းမြို့ နယ် ဇီးဖြူကွင်း အထက်တန်းကျောင်းဆောင်သစ်တစ်ဆောင် တည်ဆောက်နေမှုကို ရပ်နားထားရပါတယ်။

အစိုးရနဲ့ ပညာရေးဌာနရဲ့သတ်မှတ်ထားတဲ့  စာချုပ်ပါ စည်းကမ်းများအတိုင်းဆောင်ရွက်ထားခြင်းမရှိလို့ သာပေါင်းမြို့ နယ် ပညာရေးမှူးရုံးမှဒုတိယမြို့ နယ် ပညာရေးမှူးက ရပ်နားထားဖို့ ညွန်ကြားထားတာပါ။
လွတ်တော်ကိုယ်စားလှယ်နှစ်ဦးရယ် သာပေါင်းမြို့ နယ် အရည်သွေးစီစစ်ရေးကော်မတိအဖွဲ့ ဝင်အင်ဂျင်နီယာရယ် ပညာရေးဌာနကတာဝန်ရှိသူတွေ ကွင်းဆင့်ကြည့်ရှုပြိး ခင်ဗျားတို့  လုပ်နေတာတွေအကုန်လွဲနေတယ်ဆိုပြီး ရပ်နားဖို့ ပြောခဲ့ တာလို့  ဒေသခံတစ်ဥိးကပြောပါတယ်။

သာပေါင်းမြို့ နယ် ဇီးဖြူကွင်း အထက်တန်းကျောင်းရဲ့ တစ်ထပ်ကျောင်းဆောင်သစ်ကို ဧရပုသိမ်ကုပ္မဏီကတာဝန်ယူတည်ဆောက်နေတာပါ။

အဆောက်ဦးဆောက်လုပ်စဉ်ကပင် အလုပ်သမားခေါင်းဆောင်နှင့် လွဲထားပြီး  သဲလေးအိတ် ထည့်ရမယ့်နေရာမှာ ငါးအိတ်သုံးခဲ့ ပြီး ကျောက်များမှာလည်း အရည်အသွေးမပြည့်မီသောကျောက်များဖြစ်နေတာကြောင့် ဒေသခံတစ်ဦးက အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနဲ့  တည်ဆောက်ရေးကော်မတိဥက္ကဌ အစိုးရအဖွဲ့  လျပ်စစ်
စက်မှုလုက်မှုနင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်ဌေးတို့ ကိုလည်းတင်ပြထားတယ်လို့  သိရပါတယ်။
မျိုးမင်းပိုင်






No comments:

Post a Comment