Latest News

Friday, February 3, 2017

မြောက်ကိုရီးယား နျူကလီးယား ဒုံးကျည်သုံးတိုက်ခိုက်မှုကို ထိရောက်တဲ့ တုံပြန်တိုက်ခိုက်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး သတိပေး

မြောက်ကိုရီယား နိုင်ငံ နျူကလီယား  သုံးတိုက်ခိုက်မှုတွေလုပ်ခဲ့မယ်ဆိုရင် အဲဒီအတိုင်း  ထိရောက်တဲ့ တုံပြန် တိုက်ခိုက်သွားမယ်လို့ တောင်ကိုရီယားနိုင်ငံကိုရောက်ရှိခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဂျိန်းမက်တစ်က  အမေရိကန် နိုင်ငံ ဟာတောင်ကိုရီယား နိုင်ငံအပေါ် လုံခြုံရေး ကိုအာမခံပေးမည်ဖြစ်ကြောင်း ကတိပြုပြောလိုက်ပါတယ်။

 အခုနောက်ပိုင်းမှာတောင်ကိုရီယား နိုင်ငံအတွင်း ဒုံးကျည်ကာကွယ်ရေး စနစ် ဖြန်ကြတ်သွားမယ်လို့ ၀န်ကြီးမက်တစ်က အတည်ပြုပြောခဲ့ပါတယ်။

မြောက်ကိုရီယားနိုင်ငံ ဟာ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ချိန်၊ တောင်ကိုရီယား နဲ့ ဂျပန်တို့ ရဲ့ လုံခြုံရေးအတွက်  ကုန်ကျစရိတ် တန်ဖိုး စိုက်ထည့်မှုမရှိရင် အမေရိကန်တပ်ဖွဲများ ပြန်ရုတ်သိမ်းမယ်လို့ ပြောဆိုမှု အပေါ် စိုးရိမ်နေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ကတိပြုပြောခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီယား နိုင်ငံ ဟာ ပြီးခဲ့တဲ့ လပိုင်းက ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး မည်သည့်  အချိန် ၊  မည်သည့်နေရာကမဆို ပစ်နိုင်စွမ်းရှီတဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေလုပ်ဆောင်နေတယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

 တောင်ကိုရီယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲဝင် ၃ သောင်းနီးပါးရှိနေရာအဲဒီအသုံးစရိတ်မှာတစ်နှစ် ဒေါ်လာ ၉၀၀သန်းကုန်ကျမှုတွေရှိနေပါတယ်။
ဂျိန်းမက်တစ် ဟာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပြီးနောက် ပိုင်း အာရှတိုက်ရှိ မဟာမိတ်နိုင်ငံကို ရောက်ရှိခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အသစ်ဖြစ်ပါတယ်။
Ref can
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment