ဦးကိုနီကို သတ်တဲ့ ကြည်လင်းကို အကြမ်းဖက်သမားဆိုတဲ့ စကားလုံးကို သုံးရင် နိုင်ငံတကာမှာ ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့် မသုံးတာပါတဲ့။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေက ပြောတယ်။ ရခိုင်မှာ သူ့ရဲ့သားသမီးတွေလို ဖြစ်တဲ့ ရဲတွေကို အသတ်ခံရတာကိုတောင် အဲသလို စိုးရိမ်ပူပန်လို့ အကြမ်းဖက်လို့ မသုံးခဲ့ပါဘူးတဲ့။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ကျော်ဆွေက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်။ ဗီဒီယို မှတ်တမ်းရှိတယ်။
သူပြောသွားတာအမှန်ပဲလား.... မိတ်ဆွေတို့။ ရခိုင်အဖြစ်အပျက်မှာတောင် အကြမ်းဖက်ဆိုတဲ့ စကားလုံး သူတို့မသုံးဘူးဆိုတာ အမှန်ပဲလား။
ဒါမှမဟုတ် သတင်းစာဆရာများရှေ့၊ ပြည်သူလူထုတရပ်လုံးရှေ့မှာ ပြောင်ပြောင်တင်းတင်း ဗြောင်လိမ်သွားတာလား။
သတင်းစာဆရာများရှေ့၊ ပြည်သူလူထုတရပ်လုံးရှေ့မှာ ဗြောင်လိမ်သွားခဲ့တယ်ဆိုရင်တော့ ကမ္ဘာကျော်လူလိမ်ကြီးလို့ ပြောရမှာပဲ။
လိမ်မယ်ဆိုရင်ကြီးကြီးလိမ်၊ ဗြောင်သာလိမ်၊ အဲသလို ကြီးကြီးမားမား နဲ့ ဗြောင်လိမ်ရင် လူတွေငြိမ်နေကြလိမ့်မယ်ဆိုတဲ့ ဟစ်တာလာရဲ့ သီအိုရီကိုများ လက်တွေ့ကျကျ အသုံးချလိုက်လေသလား။
ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း
Credit : ဇော်ဝင်း (Zaw Win) ၈၈ ဗကသကျောင်းသားဟောင်း
No comments:
Post a Comment