Monday, February 20, 2017
ကင်ဂျုံနမ် သေဆုံးမှုနောက်ကွယ်မှာ မြောက်ကိုရီယားခေါင်းဆောင် ပတ်သက်ဖွယ်ရှိနေ
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ် ဟာ အကိုဖြစ်သူကို လုပ်ကြံသတ်ဖြတ်မှုထဲ ပါဝင်ပက်သတ်နေတယ်လို့ တောင်ကိုရီယားနိုင်ငံ ကပြောပါတယ်။
မြောက်ကိုရီယားနိုင်ငံ ခေါင်းဆောင်ဖြစ်သူ ကင်ဂျုံနမ် ရဲ့အကိုဖြစ်သူ ကင်ဂျုံနမ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာအဆိပ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
တောင်ကိုရီယားနိုင်ငံ ရဲ့ ပေါင်းစည်းရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ က “ အခု သံသယရှိလို့ ဖမ်းဆီးခံရသူတွေ ရဲ့နောက်ကွယ်မှာ မြောက်ကိုရီယားခေါင်းဆောင် ရှိနေနိုင်တယ်။ “လို့ ပြောပါတယ်။ မလေးရှားရဲတွေ ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီယားနိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် နောက်ထပ် လူ ၄ ဦးကို စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။
အခု လိုမျိုးသတင်းမျိုးထွက်ပေါ်နေပေမယ့်မြောက်ကိုရီယား နိုင်ငံက တော့ လူသိရှင်ကြားဖြေရှင်းတာမျိုး မလုပ်ဆောင်သေးပေ၊ မလေးရှား ရဲတပ်ဖွဲအကြီးအကဲက သံသယရှိပြိးအဖမ်းခံရတဲ့ မြောက်ကိုရီယားနိုင်ငံသား ဟာဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရောက်ရှိလာပြီးသတ်ဖြတ်မှု တွေလုပ်ဆောင်ခဲ့ကြောင်း၊ သူနဲ့အတူနောက်ထပ် ၄ဦးပါဝင်မှုရှိကြောင်း ပြောပါတယ်။ အခု အချိန်မှာ နောက်ထပ် ပါဝင်ပက်သက်သူတွေကိုဖမ်းဆီးနိုင်ငံ ဖို့ နိုင်ငံတကာ ရဲတပ်ဖွဲနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နေတယ်လို့ မလေးရှားရဲတပ်ဖွဲအကြီးအကဲ ကပြောပါတယ်။ အခု လုပ်ကြံခံရသူ ဟာမြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအမ်နဲ့ အဖေတူ ၊အမေကွဲ ညီအကိုတော်စပ်သော်လည်း ကင်ဂျုံအမ်နဲ့အမြင့်ချင်းမတူဘဲ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လိုသူတစ်ဦးအဖြစ်သုံးသပ်မှုတွေရှိနေပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
ကင်ဂျုံနမ် သေဆုံးမှုနောက်ကွယ်မှာ မြောက်ကိုရီယားခေါင်းဆောင် ပတ်သက်ဖွယ်ရှိနေ
Reviewed by timeayeyar
on
6:16 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment