Latest News

Monday, February 20, 2017

ငပုတောမြို့နယ်တွင် ထူးဆန်းသည့် ဆင်နှင့်တူသော ဝက်လေးတစ်ကောင် မွေးဖွား


ငပုတောမြို့နယ် ငရုတ်ကောင်းတောင်ဒေသ တင်းချောင်းကျေးရွာရှိ ဦးဖိုးနီ ဒေါ်ပဲလှော်တို့ နေအိမ်တွင် မွေးမြူထားသည့် ဝက်မကြီးမှ ဇန်န၀ါရီလ (၂၁)ရက်နေ့ နံနက် ၉ နာရီတွင် ဆင်နှင့်တူသည့် ဝက်ကလေးတစ်ကောင် မွေးဖွားခဲ့ကြောင်း သတင်းရရှိသည်။

‘ဝက်ကလေး ၁၃ ကောင်ပေါက်တာမှာ ဆင်နဲ့တူတဲ့ ဝက်ကလေးကောင် ပါလာတာ။ အဲ့ဝက်လေးမှာ နှာမောင်းပါတယ်။ နှာမောင်းမှာတောင် ဆင်လိုပဲ ရေစုပ်တဲ့အပေါက်ပါသေးတယ်။ နှုတ်သီးမှာလည်း အစွယ်လေးတစ်ချောင်းပါတယ်။ နားရွက်ကလည်း ဆင်လိုပဲ အကြီးကြီး။ ဆင်ပေါက်တွေလိုပဲ အမွှေးလည်း မပါဘူး။ အမြီးကလည်း ဝက်အမြီးလို မဟုတ်ဘူး။ ဆင်အမြီးလိုပဲ။ တခါမှ ဒါမျိုးမတွေ့ဖူးဘူး’ဟု တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


အဆိုပါ ထူးဆန်းသော ဝက်ကလေးကို ပိုင်ရှင် ဦးဖိုးနီအိမ်မှာပင် စောင့်ရှောက်ထားပြီး သာမာန် စောင့်ရှောက်မှုအတိုင်း အသက်ရှင်ဖို့ မလွယ်ဘဲ တိရိစ္ဆာန်ဆရာဝန် အကူအညီရမှသာ အသက်ရှင်နိုင်ဖွယ်ရှိကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ – ဦးထွန်းလေး (တင်းချောင်း)
Ayeyarwaddy Times





No comments:

Post a Comment