Latest News

Friday, February 17, 2017

ဂျာမနီကနေ ယူရို ငါးသန်းချေးယူဖို့ လွှတ်တော်ကို သမ္မတ သဝဏ်လွှာပို့

ဂျာမနီကနေ ယူရို ငါးသန်းချေးယူဖို့ လွှတ်တော်ကို သမ္မတ သဝဏ်လွှာပို့

မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ ရွာထောင်ကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ဖို့အတွက် ဂျာမနီနိုင်ငံ KFW  Development Bank ကနေ ယူရို ၅ သန်းချေးယူဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရက်စွဲနဲ့ သ၀ဏ်လွှာပေးပို့ထားပါတယ်။

အဲဒီ ချေးငွေနဲ့ ပြည်တွင်းမှာရှိတဲ့ ဂျာမနီနိုင်ငံထုတ် ဒီဇယ်ဟိုက်ဒြောလစ်စက်ခေါင်းတွေကို စွမ်းအားမြှင့်တင်တဲ့လုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် က ပြည်ထောင်စုလွှတ်တော်မှာ ပြောပါတယ်။

အဲဒီချေးငွေနဲ့ ရထားစက်မှုသင်တန်းကျောင်းကိုလည်း အဆင့်မြှင့်တင်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ချေးငွေ သဘောတူညီချက်မှာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ စုစုပေါင်း ချေးငွေသက်တမ်းက နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းကတော့ တစ်နှစ်ကို ၀.၇၅ ရာခိုင်နှုန်းဖြစ် တယ်လို့ သိရပါတယ်။

ဒီချေးငွေယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေအနေနဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ရမှာဖြစ်ပါတယ်။


RFA

No comments:

Post a Comment