အမြင့် ၁၀ ပေရှိ ဦးသန့် ကိုယ်တစ်ပိုင်း ရုပ်ထု ထုလုပ်နေ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမြင့် ၁၀ ပေရှိသည့် ကိုယ်တစ်ပိုင်း ရုပ်ထုကို မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက် မြရတနာ ၁၀ လမ်းတွင် ပန်းပုဆရာ ဦးကျော်ကျော်မင်းက ထုလုပ်နေကြောင်း သိရသည်။
ယင်းရုပ်ထုကို ကျောက်တန်းမြို့အ၀င်ရှိ ဦးနု - ဦးသန့် စာကြည့်တိုက်တွင် ထားရှိရန် နတ်ရေကန် ဦးတင်မောင်ထွေးက အပ်နှံခဲ့ခြင်းဖြစ်ပြီး သိန်းတစ်ရာ ၀န်းကျင် ကုန်ကျမည်ဖြစ်သည်။
လက်ရှိတွင် ရွံ့ဖြင့် ထုလုပ်နေသည့် အပိုင်းမှာ ငါးဆယ်ရာခိုင်နှုန်း ပြီးစီးနေပြီး အပြီးသတ်တွင် ကွန်ကရစ် လောင်းမည်ဖြစ်ကြောင်း သိရသည်။
Writer:
နေမျိုးဝင်း
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment