Sunday, February 26, 2017
တက်ကြွလှုပ်ရှားသူတွေကြားထဲမှာ အမြဲဝင်ရောနေတဲ့ စစ်ထောက်လှမ်းရေးရဲ့ သတင်းပေး.... **ဌေးလွင်ကိုတွေ့ပြီ။**
တက်ကြွလှုပ်ရှားသူတွေကြားထဲမှာ အမြဲဝင်ရောနေတဲ့ စစ်ထောက်လှမ်းရေးရဲ့ သတင်းပေး....
**ဌေးလွင်ကိုတွေ့ပြီ။**
၂၀၁၅ခုနှစ်ရွှေပြည်သာအလုပ်သမားသပိတ်က ကျနော်တို့ညီအကိုအပါအဝင် ရဲဘော်တွေကို ဖမ်းဆီးရာမှာ အဓိကသတင်းပေးအဖြစ်ဆောင်ရွက်ခဲ့သူ "ဌေးလွင်"။ စစ်ထောက်လှမ်းရေးရဲ့ အမာခံသတင်းပေး ဌေးလွင်။
=====================
၁၇.၂.၂၀၁၅ခုနှစ် အလုပ်သမားသပိတ်စစ်ကြောင်းမတိုင်မှီ ၅ရက်အလို Costec Garment သပိတ်စခန်းရှေ့သို့ ဌေးလွင်ရောက်လာသည်။ အဲ့အချိန်မှာ ကျုပ်တို့အတွင်းစည်းထဲမှာရှိတဲ့အဖွဲ့တခုက လွှတ်လိုက်တယ်လို့ ပြောပြီးဝင်လာတယ်။ ကျုပ်တို့အဲ့လူဆီဆက်သွယ်လိုက်တယ်။ အဆက်အသွယ်မရဘူး။ ၁၇ရက်နေ့ကိစ္စနဲ့လုံးပန်းနေရင်း အဲ့ကိစ္စမေ့သွားတယ်။ Ford Glory စက်ရုံသပိတ်စခန်းမှာ ကျနော်နဲ့အတူ ရှိခဲ့တယ်။ နှစ်ရက်သုံးရက်နေတော့ ဒီကောင်ပျောက်သွားတယ်။
၁၇ရက်နေ့ ဒီကောင်ပြန်ရောက်လာတယ်။
၂၀.၂.၂၀၁၅ရက်နေ့ သပိတ်ဖြိုခွင်းခံရတဲ့နေ့မှာ ဒီကောင်မရှိတော့ဘူး။ မင်းမင်းနဲ့ နိုင်ဌေးလွင်ကို ဖမ်းသွားပြီလားမသိဘူး၊ မင်းအဆက်အသွယ်ရသေးလား...? ဆိုပြီး ဌေးလွင်ကိုဖုန်းဆက်ကြည့်တော့ ဒီကောင်က" ကျနော်သူတို့နှစ်ယောက်ကို လုံခြုံတဲ့နေရာမှာ ဝှက်ထားတယ်၊စိတ်မပူနဲ့"ဆိုပြီးပြောတယ်။ အလုပ်သမားခေါင်းဆောင်နှစ်ယောက်ကို လုံးဝအဆက်အသွယ်မရတော့ဘူး။ ထူးထူးခြားခြား အဲ့နေ့ညမှာ မင်းမင်းရဲ့Fbအကောင့်က လိုင်းပေါ်တတ်လာတယ်။
==========
၂၂ရက်နေ့မှာ ဒီကောင်ဆိုင်ကယ်တစီးနဲ့ပြန်ရောက်လာတယ်။ အဲ့အချိန်မှာ ကိုစိုးဇော် (M.D.C.F)နဲ့ကျနော် သပိတ်စခန်း(E,Land Myanmar) လမ်းရှေ့မှာ ထောက်လှမ်းရေးတွေဖမ်းနေတယ်ဆိုပြီး ဒီကောင်ပြောတဲ့လမ်းအတိုင်းရှောင်ထွက်လာတယ်။ စိတ်ကသိကအောက်ဖြစ်လို့ လမ်းတဝက်ရောက်မှ ပြန်လှည့်ထွက်ပြီး တခြားလမ်းကသွားခဲ့တယ်။
၂၄.၂.၂၀၁၅ရက်နေ့ ကျနော်အိမ်ကို အဝတ်အစားပြန်ယူချိန် ဒီကောင်လိုက်လာတယ်။ အိမ်မှာတောင် ထမင်းကြော်စားသွားသေးတယ်။ နေ့လည်ပိုင်းကျတော့ ကိုနောင်နောင်နဲ့မကြယ်စင်တို့ခေါ်တာနဲ့ သူတို့အိမ်ကိုလိုက်သွားတယ်။ ဌေးလွင်က ဆိုင်ကယ်နောက်မှာပါတယ်...။ဆိုင်ကယ်ကသုံးယောက်စီးလာတာ၊ ဒီကောင်က နောက်ဆုံးက....။ messageတွေပို့နေတယ်။ လှိုင်သာယာအိမ်ရောက်တော့ ဒီကောင် ဟင်းသွားဝယ်တယ်။ သိပ်မကြာဘူး။ အိမ်ပေါ်ကို စရဖက ငါးယောက်လာပြီး ကျနော့်ကိုဖမ်းတာပဲ။
*ဖမ်းတဲ့အချိန်မှာ ဒီကောင်ရှိတယ်။ သူ့ဆိုင်ကယ်သော့က စရဖကတွေလက်ထဲပါလာတယ်။ Probox ကားပေါ်မှာ ကျနော်ရယ် စရဖက ၅ယောက်ရယ်။ ရှေ့ခန်းကလူဆီကို ဖုန်းဝင်လာတယ်။ ဆိုင်ကယ်သော့ပေးလိုက်ဖို့ပြောတာ။ ကျနော့်ဘေးကတယောက်ကို ရှေ့ခန်းကသူက သော့ကို ပစ်ချထားခဲ့လို့ပြောတယ်။ သော့ကို ကားတံခါးပေါက်ကပစ်ချလိုက်တယ်။
ထောင်ထဲရောက်တော့ ဗလီတွေကိုဖောက်ခွဲမယ့်အမှုနဲ့ ဌေးလွင် ခွင်ဆင်ခဲ့တဲ့သူတွေက " ဌေးလွင်က ငါတို့ကို အမှုဆင်ပြီး လက်ထောက်ချတာ၊ ဌေးလွင်က တိုင်းစရဖရုံးကို ဖုန်းဆက်ပြီးသတင်းပေးနေတဲ့ကောင်"လို့ပြောတယ်။* နောက်ပြီး လှိုင်သာယာမြို့က မြေယာကိစ္စတော်တော်များများကို လူမိုက်အဖွဲ့တွေနဲ့ပေါင်းပြီး စက်ရုံသူဌေးနဲ့ မြေယာမဲ့နိုင်ငံသား(အစိုးရအခေါ် - ကျူးကျော်)တွေကြားမှာ ဒီကောင်လုပ်စားဖူးကြောင်း..... ခိုင်နေမင်းက ပြောတယ်။
အဲ့အချိန်မှာ ကျနော်တို့အမှုတွဲသုံးယောက်ကို ထောင်ဝင်စာပိတ်ထားတဲ့အချိန်။ အပြင်အဆက်အသွယ်လုပ်မရဘူး။
၅.၃.၂၀၁၅ရက်နေ့ကျတော့ အလုပ်သမားတွေရော၊ကျနော်အကိုရော၊ ကိုစိုင်းရော ရောက်လာကြတယ်။ ကျနော့်အကိုကို ဌေးလွင်က လက်ထောက်ချဖမ်းတဲ့အကြောင်းပြောတယ်။ သူနဲ့အတူတူ အဖမ်းခံရပြီး။ ရန်ကင်းက စစ်ကြောရေးလည်းရောက်ရော သူတယောက်တည်းဖြစ်နေကြောင်း၊ ထောင်ထဲထိပါမလာပဲ ရန်ကင်းမြို့နယ်က စစ်ကြောရေး(လယ်ဆည်ရုံးဟောင်းထဲမှာဖွင့်ထားတယ်)မှာ လွှတ်ပေးလိုက်ပြီလို့သိရတယ်။
နောက်တော့ဒီကောင်ပျောက်သွားတယ်။ လက်ပံတန်းကျောင်းသားသပိတ်မှာ ဒီကောင် ခေါင်းစည်စီးနေတဲ့ပုံကို ဧရာဝတီသတင်းဌာနက ရိုက်တာတွေ့ရတယ်။ အဲ့အချိန်က ဒီကောင်ကိုနောက်ဆုံးတွေ့ရတဲ့အချိန်ပဲ။
အခု ပုသိမ်မြို့မှာ "ကိုထွန်းထွန်းဦးရဲ့ နောက်မှာ ဌေးလွင်ကို တွေ့ပြီ"
စစ်ထောက်လှမ်းရေးရဲ့သတင်းပေး ဌေးလွင် တက်ကြွလှုပ်ရှားသူတွေကြားထဲမှာ ရှိနေတယ်။
Naing Zaw Kyi Win
25.2.2017
တက်ကြွလှုပ်ရှားသူတွေကြားထဲမှာ အမြဲဝင်ရောနေတဲ့ စစ်ထောက်လှမ်းရေးရဲ့ သတင်းပေး.... **ဌေးလွင်ကိုတွေ့ပြီ။**
Reviewed by timeayeyar
on
12:37 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment