Latest News

Thursday, February 23, 2017

ကင်ဂျုံနမ်းရဲ့သား လာရောက်တဲ့အခါ ဘေးကင်းလုံခြုံစေရမယ်လို့ မလေးရှားရဲ ကတိပြု

ကင်ဂျုံနမ်းရဲ့သား လာရောက်တဲ့အခါ ဘေးကင်းလုံခြုံစေရမယ်လို့

မလေးရှားရဲ ကတိပြု



မလေးရှားမှာလုပ်ကြံခံလိုက်ရတဲ့ ကင်ဂျုံနမ်းရဲ့သားဖြစ်သူ ကင်ဟန်ဆိုးသာ ကွာလာလမ်ပူ ဆေးရုံ ရေခဲတိုက်မှာရှိတဲ့ သူ့အဖေရဲ့အလောင်း ကို လာရောက်အတည်ပြုပေးဖို့ မလေးရှားကိုလာမယ်ဆိုရင် ကာကွယ်ပေးသွားမယ်လို့ မလေးရှားရဲကပြောပါတယ်။

ပြည်ထဲရေးဒုတိယ၀န်ကြီး နာဂျက်ဇ်လန်မိုဟာမက်က မလေးရှားမှာ ဟန်ဆိုးရောက်နေတယ်လို့တော့ သူ မကြားရသေးပေမယ့် အသက် ၂၂ နှစ်သား ကင်လာခဲ့မယ်ဆိုရင်လည်း ကာကွယ်ပေးသွားမယ်လို့ အာမခံပေး ထားပါတယ်။

‘ တကယ်လို့ သူသာမလေးရှားကို လာဖို့ရည်ရွယ်ထားတယ်ဆိုရင် ၀စ်မာပူထရာကိုပဲဖြစ်ဖြစ် အခြားအာဏာပိုင် တွေကို ပဲဖြစ်ဖြစ် သူဆက်သွယ်လိုက်ရုံပဲ။ ဒီမှာနောက်ထပ် သေဆုံးမှုတွေမဖြစ်စေချင်လို့ သူ့ကို ကျွန်တော်တို့ ကာကွယ်ပေးသွားမှာပါ’ လို့ သူကပြောပါတယ်။

ဟန်ဆိုးဟာ မကာအိုကနေ မလေးရှားကိုရောက်လာမယ်ဆိုတဲ့ စကားတွေကြောင့် ကွာလာလမ်ပူလေဆိပ်ရဲ့ ဆိုက်ရောက်ဂိတ် ၂ မှာ တနင်္လာနေ့က မီဒီယာသမားတွေရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပြီး သည်သတင်းဟာ အမှားတစ်ခု ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဒါ့အပြင် သည်အမှုဟာ နာမည်ကြီးအမှုတစ်ခုဖြစ်တာကြောင့် ပြစ်မှုနှိမ်နင်းရေးအထူးတပ်ဖွဲ့ (Stafoc) ကိုလည်း ရေခဲတိုက်နားမှာ ညတွင်းချင်း စေလွှတ်ထားရပါတယ်။
သည်လုပ်ကြံသတ်ဖြတ်မှုအပြီး နိုင်ငံတွင်းကထွက်ပြေးသွားတဲ့ သံသယရှိ မြောက်ကိုရီးယားနိုင်ငံသားလေးဦးရဲ့ ကံကြမ္မာဟာ သေဆုံးသူဘယ်သူဆိုတာအတိအကျဖော်ထုတ်နိုင်ပြီး သေဆုံးရတဲ့အကြောင်းရင်းကို သိရတဲ့အပေါ် မှာမူတည်တယ်လို့ နာဂျက်ဇ်လန်ကပြောပါတယ်။

သူက သေဆုံးမှုဟာ သံသယရှိတဲ့အခြေအနေမှာဖြစ်တယ်ဆိုရင် ရဲတပ်ဖွဲ့အနေနဲ့ သည်လေးယောက်ကို စုံစမ်း စစ်ဆေးဖို့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုနိုင်ပါတယ်လို့ သူကပြောပါတယ်။ သည်လိုမျိုးပြန်လွှတ်ပေးဖို့ တောင်းဆိုရာမှာ မြောက်ကိုရီးယားရဲ့ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ ပြောပါတယ်။

မလေးရှားကရဲတပ်ဖွဲ့ဟာ သည်လူလေးယောက်ကိုခြေရာခံပေးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ကိုလည်း အကူအညီတောင်း ထားပါတယ်။ သူတို့ရဲ့ဓာတ်ပုံတွေကိုလည်း ဖြန့်ဝေထားပါတယ်။
ရဲစစ်ဆေးရေးမှူးချုပ် ခါလစ်အဘူဘာကာက အခုထိတော့ ကင်ဂျုံနမ်ရဲ့ရုပ်အလောင်းကို တောင်းဆိုတဲ့မိသားစုဝင်တစ်ဦးမှမရှိသေးဘူးလို့ ပြောပါတယ်။
တောင်ကိုရီးယားသတင်းဌာန Arirang က ဟန်ဆိုးဟာ အင်္ဂါနေ့မနက်က သည်ရေခဲတိုက်ကို ရောက်နေပြီး သူ့အဖေရဲ့ရုပ်အလောင်းကို အတည်ပြုပေးခဲ့ပြီလို့ ဖော်ပြခဲ့ကာ ဒါကို ခါလစ်က ငြင်းဆိုခဲ့ပါတယ်။

 ချိုလေးငယ်

Search Myanmar

No comments:

Post a Comment