Latest News

Sunday, February 19, 2017

လားရှိုးတွင် ခရီးသည်တင်ကားတစ်စီးပေါ်၌ ဖောက်ခွဲရေးသုံးပစ္စည်းများ ဖမ်းမိ

လားရှိုးတွင် ခရီးသည်တင်ကားတစ်စီးပေါ်၌ ဖောက်ခွဲရေးသုံးပစ္စည်းများ ဖမ်းမိ


လားရှိုးမြို့တွင် ခရီး သည်တင်ကား တစ်စီးပေါ်မှ ဖောက်ခွဲရေးသုံးပစ္စည်းများ ဖမ်းမိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လားရှိုးမှ တန့်ယန်းသို့ သွား မည့် ခရီးသည်တင်ကားတစ်စီး ပေါ်မှ အမိုးနီယားနိုက်ထရိတ် အိတ်များအတွင်း ထည့်ထား သော ဖောက်ခွဲရေးလုပ်ငန်းသုံး ဒီတိုနေတာ အချောင်းငါးရာကို ဖေဖော်ဝါရီ ၁၈ ရက်တွင် တွေ့ရှိခဲ့ ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။


 အမိုးနီယားနိုက်ထရိတ် အိတ် ၂၀ ကို သာစည်မြို့မှ တင်ပေးလိုက်ခြင်းဖြစ်ပြီး လားရှိုးမှတစ်ဆင့် တန့်ယန်းမြို့သို့ ဆက်လက်သယ်ဆောင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ လားရှိုးကားဂိတ် တာဝန်ရှိသူတစ်ဦး က အဆိုပါအိတ်များကို မသင်္ကာ၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး စစ်ဆေးခဲ့ရာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုကို လက်နက် ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။

 
7Day News Journal

No comments:

Post a Comment