Latest News

Tuesday, February 7, 2017

ရခိုင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဦးစားပေးမဲဆွယ်ဟု ဒေါက်တာ အေးမောင်ဆို

ရခိုင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဦးစားပေးမဲဆွယ်ဟု ဒေါက်တာ

အေးမောင်ဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဦးစားပေး မဲဆွယ်လျက်ရှိကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဥက္ကဋ္ဌ ဖြစ်ပြီး လာမည့်ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ ပြည်နယ်က ဆင်းရဲတွင်း မနက်သင့်ဘဲ ဆင်းရဲနေတယ်။ ပြဿနာပေါင်းစုံကို ခါးစည်းခံနေတယ်။ အဲဒီအခြေအနေက လွတ်မြောက်ဖို့ကို တစ်ခုပဲရှိတယ်။ ညီညွှတ်ဖို့လိုတယ်။ ကျွန်တော်တို့ ပြည်နယ်ကို ကျွန်တော်တို့ ကိုယ်တိုင်အုပ်ချုပ်မှရမှာပဲ။ ဒီဘဝက လွတ်မြောက်မယ် ဆိုတာကို ဒေသခံတွေကို နိုင်ငံရေးအသိ ပေးခဲ့တယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် ၂၀၂၀ ရွေးကောက်ပွဲကို ရည်မှန်း၍ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ခြေကုပ်ယူ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ထပ်မံပြောဆိုသည်။

မဲဆွယ်စည်းရုံးခွင့် ရရှိသည့် ဇန်နဝါရီ ၃၀ ရက်က စတင်၍ မဲဆွယ်စည်းရုံးရာတွင် အမ်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၃၂ ရွာရှိသည့်အနက် ကျေးရွာငါးရွာသို့ ရောက်ရှိမဲဆွယ်ပြီး ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

ရခိုင်ပြည်နယ် အမ်းမဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဇော်ဝင်းမြင့်၊ ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသောင်းငြိမ်း၊ တစ်သီးပုဂ္ဂလ ဦးဇော်လင်းအောင်တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ခင်မြတ်မြတ်ဝေ(The Voice)

No comments:

Post a Comment