Latest News

Sunday, February 19, 2017

မျိုးကျော့မြိုင်အတွက် မေ့မရတဲ့ည တစ်ည

မျိုးကျော့မြိုင်အတွက် မေ့မရတဲ့ည တစ်ည

တစ်ကိုယ်တော်ဖျော်ဖြေ ပွဲတွင် အနုပညာမောင်နှမများ၊ ပရိသတ်များနှင့် ပျော်ရွှင်ခဲ့ရသော ကြောင့် မေ့မရသည့် ညတစ်ည ဖြစ်ခဲ့ကြောင်း မျိုးကျော့မြိုင်က ၎င်း၏ တစ်ကိုယ်တော်ပွဲနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်၌် ရေးသားထားသည်။

‘‘ကျွန်တော်ချစ်သော အမာ ခံပရိသတ်များနဲ့အဘက်ဘက်က ကူညီပေးခဲ့ကြတဲ့ အနုပညာရှင် များနဲ့ အတတ်ပညာရှင်များ၊ မိတ် ဆွေများနဲ့ ညီအစ်ကို မောင်နှမ များအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ အခုလို အတူ ပျော်ပျော်ပါးပါးစုံရတဲ့ ညမျိုးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အမြဲသတိတရရှိနေမှာပါ။ ကျေး ဇူးအထူးတင်ပါတယ်’’ဟု မျိုး ကျော့မြိုင်က ၎င်း၏ ဖေ့စ်ဘွတ်ခ် တွင် ဖျော်ဖြေပွဲပြီးပြီးချင်း ရေး သားထားသည်။

မျိုးကျော့မြိုင်၏ တစ်ကိုယ် တော်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၇ ရက် ညက အမျိုးသားဇာတ်ရုံ ၌ ပြုလုပ်ခဲ့ရာ အမာခံပရိသတ် များက ရုံအပြည့်လာရောက် အား ပေးခဲ့ကြသည်။ ထို့အပြင် ဖျော် ဖြေပွဲကြော်ငြာတွင် ဧည့်သည်အ ဆိုရှင်များ၏ အမည်များကို ထည့် သွင်း ကြေညာခဲ့ခြင်းမရှိသော် လည်း ၎င်းနှင့်အတူ လက်တွဲခဲ့ သည့် အနုပညာမောင်နှမများက အတူ သီဆိုဖျော်ဖြေပေးခဲ့သည်။

ဖျော်ဖြေပွဲအဖွင့်သီချင်းကို မျိုးကျော့မြိုင်က ဇော်ဝင်းထွဋ်နှင့် အတူ ‘ထစ်ချုန်းမိုး’သီချင်းကို သီ ဆိုဖျော်ဖြေရာ ပရိသတ်များနှစ် ခြိုက်ခဲ့ကြသည်။ ထို့နောက် မျိုး ကျော့မြိုင်က တစ်ကိုယ်တော်သီဆိုမှုများအပါအ၀င် ရန်ရန်ချန်း၊ ကောင်းမြတ်လေး၊ သံသာဝင်းတို့နှင့်လည်း သီချင်းများ သီဆိုဖျော်ဖြေခဲ့သည်။

ပရိသတ်အများစုက သီချင်း များကို လိုက်ပါသီဆိုအားပေး သောကြောင့် မျိုးကျော့မြိုင်က သီချင်းစာသားများကို မှတ်မိနေ၍ ကျေးဇူးတင်ကြောင်း ပရိသတ်များအား ပြောကြားခဲ့သည်။

ကောင်းမြတ်လေးကို စင် ပေါ်သို့ ဖိတ်ခေါ်၍ သီဆိုသည့်အ ချိန်တွင် မျိုးကျော့မြိုင်က ၎င်း၏ပုံစံမျိုး ပြုလုပ်ပြခဲ့ရာ ပရိသတ်များ သဘောကျခဲ့သည်။ ထို့အပြင် ရန်ရန်ချန်းနှင့် သီဆိုခါနီးအချိန်တွင် လည်း စိုင်းစိုင်းခမ်းလှိုင်၏ နှုတ်ခမ်းနီများကို လာရောက်ကြည့်ရှုသည့် ပရိသတ်အချို့အား စင် အောက်သို့ ကိုယ်တိုင်ဆင်း၍ ဝေ ငှပေးခဲ့သည်။

နှုတ်ခမ်းနီဝေငှရန် အသက် (၂၀) အောက် အမျိုးသမီးများ လက်ထောင်ရန် ပြောခဲ့သော် လည်း ဖျော်ဖြေပွဲသို့ လာရောက် ကြည့်ရှုသည့် ပရိသတ်အမျိုးသမီး အားလုံးနီးပါးက လက်ထောင်ခဲ့ ကြသောကြောင့် အဆင်ပြေသလို ဝေငှခဲ့ရသည်။

ဖျော်ဖြေပွဲတွင် မျိုးကျော့ မြိုင်က သီချင်းပုဒ်ရေ ၃၀ ခန့် သီ ဆိုဖျော်ဖြေခဲ့ပြီး နှုတ်ဆက်သီချင်း အနေဖြင့် ‘အချစ်သီချင်း’ကို အဲလက်စ်၊ ဇေယျာသော်၊ စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ်လေးတို့နှင့်အတူ သီဆိုဖျော်ဖြေခဲ့သည်။

ဓာတ်ပုံ - စိုင်းဇော်

7 Day

No comments:

Post a Comment