Latest News

Saturday, February 18, 2017

အရန်ခုံတွင် ဆက်ထားပါက ရွန်နီ အသင်းမှထွက်နိုင်ဟု ပေါလ်စကိုး ပြော

အရန်ခုံတွင် ဆက်ထားပါက ရွန်နီ အသင်းမှထွက်နိုင်ဟု ပေါလ်စကိုးြြေြေေ
ပာ

မော်ရင်ဟိုအနေနဲ့ ၀ိန်းရွန်နီကို အရန်ခုံမှာပဲဆက်ထားမယ်ဆိုရင် အသင်းကနေ ထွက်ခွာသွားနိုင် တယ်လို့ မန်ယူကစားသမားဟောင်း ပေါလ်စကိုးလ်က သုံးသပ်ပြောကြားလိုက်ပါတယ်။

ရွန်နီအနေနဲ့ အရန်ခုံမှာထိုင်းနေရတာကို နှစ်သက်မှာမဟုတ်ဘဲ အပတ်တိုင်းပွဲမကစားရဘူးဆိုရင် မန်ယူအသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပေါလ်စကိုးလ်ကပြောကြားခဲ့တာပါ။

ပေါလ်စကိုးလ်နဲ့ ရွန်နီတို့ဟာ မန်ယူအသင်းမှာ ၉ နှစ်ကြာ အတူကစားခဲ့ပြီး ဆုဖလား ၉ လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

မန်ယူအသင်းအနေနဲ့ လက်ရှိအချိန်မှာ ခြေစွမ်းတိုးတက်လာပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာရောက်ရှိနေတာဟာ ပြဿနာ တစ်ခုဖြစ်နေတယ်လို့လည်း ပေါလ်စကိုးလ်က သုံးသပ်ပါတယ်။

မန်ယူအသင်းအနေနဲ့ လက်ရှိအချိန်မှာ အဆင့် ၆ မှာ ရပ်တည်နေပေမယ့် ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရလိမ့်မယ်လို့ ပေါလ်စကိုးလ်က သုံးသပ်ခဲ့ပြီး နည်းပြမော်ရင်ဟိုအနေနဲ့လည်း မန်ယူအသင်းနဲ့အတူ အောင်မြင်မှု ရယူနိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

DVB

No comments:

Post a Comment