ချင်းအမျိုးသားနေ့ အခမ်းအနား သမ္မတ ဦးထင်ကျော် တက်မည်
ဖလမ်း၊ ဖေဖော်ဝါရီ ၁၉
ချင်းပြည်နယ် ဖလမ်းမြို့ အားကစားကွင်းတွင် ကျင်းပမည့် ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) အခမ်းအနားသို့ သမ္မတ ဦးထင်ကျော် တက်ရောက်မည်ဖြစ်ရာ ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) ညနေပိုင်းတွင် ဖလမ်းမြို့သို့ ရောက်မည်ဖြစ်ကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။
ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ဝါးညှပ်အက၊ ခွါန်းကြွယ်အက၊ ရိုးရာနုပန်းနှင့် တိုင်းရင်းသား အကပဒေသာတို့ ပါဝင်ပြုလုပ်မည် ဖြစ်သည်။
ချင်းအမျိုးသားနေ့အပြင် ဖလမ်းမြို့တည် ၁၂၅ နှစ်ပွဲတော်၊ ဖလမ်းဆေးရုံကြီး နှစ် ၁၀၀ ပြည့် ပွဲတော်၊ ဖလမ်းမြို့တော်ခန်းမ နှစ် ၁၀၀ ပြည့် ပွဲတော်တို့ကို ဖေဖော်ဝါရီလ ၂၀ ရက်မှစ၍ သုံးရက်ကြာ တစ်ပါတည်း ပူးတွဲကျင်းပမည် ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။
(ပုံစာ - ချင်းအမျိုးသားနေ့တက်ရန် ကလေးမြို့သို့ ရောက်လာသည့် သမ္မတ ဦးထင်ကျော်ကို တွေ့ရစဉ်)
ဓာတ်ပုံ - ငြိမ်းသူမင်း
The Voice
Saturday, February 18, 2017
ချင်းအမျိုးသားနေ့ အခမ်းအနား သမ္မတ ဦးထင်ကျော် တက်မည်
ချင်းအမျိုးသားနေ့ အခမ်းအနား သမ္မတ ဦးထင်ကျော် တက်မည်
Reviewed by Ar Ti
on
9:50 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment