Latest News

Monday, February 6, 2017

နှစ်(၇၀)မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား လားရှိုးမြို့ ၌ကျင်းပ

နှစ်(၇၀)မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား လားရှိုးမြို့ ၌ကျင်းပ

လားရှိုး ဖေဖေါ်ဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၌ ဖေဖေါ်ဝါရီ ၇ ရက် နံနက် ၉ နာရီအချိန် က လားရှိုးမြို့ မြို့တော်ခန်းမတွင် နှစ်(၇၀)မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအ နား ကိုကျင်းပကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မှပေးပို့သော နှစ်(၇၀)မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာကို လားရှိုးပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက ဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးးချုပ် ဒေါက်တာ လင်းထွဋ်ထံ မှပေးပို့သော သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦးအေးလှိုင်ကဖတ်ကြားခဲ့ကြပါသည်။

နှစ်(၇၀)မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ တွဲဘက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက် ခဲ့ကြပါသည်။

ဟန်ဌေး(လားရှိုး)ပြန်/ဆက်

No comments:

Post a Comment