Latest News

Wednesday, February 1, 2017

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အစိုးရမစွမ်းဆောင်နိုင်သေးတဲ့ အချက်များ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အစိုးရမစွမ်းဆောင်နိုင်သေးတဲ့ အချက်များ

ဂျပန်နိုင်ငံရှိ ကုမဏီ ၃၆ ခုကနေ အကြံပြုလွှာ စစ်တမ်းတွေ ကောက်ယူခဲ့ပြီး တင်ပြခဲ့ကြပါတယ်။

အစိုးရဘက်က လုပ်ဆောင်ချက်အချို့ ဟာ အားနည်းချက်ရှိနေသေးလို့ ပြည်ပရင်း နှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ နှောင့်နှေးနေရတယ်လို့ ပြည်တွင်းပြည်ပလုပ်ငန်းရှင်အချို့က သုံးသပ်ကြပါတယ်။

ဂျပန်ကုမဏီတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့အချက်အလက်တွေက္ပိုင်္ံ JCCI က ဂျပန်နိုင်ငံရှိ ကုမဏီ ၃၆ ခုကနေ အကြံပြုလွှာ စစ်တမ်းတွေ ကောက်ယူခဲ့ပြီး နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ဆီ တင်ပြခဲ့ကြပါတယ်။

ဂျပန်ကုမဏီတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ အဟန့်အ တားဖြစ်စေတဲ့ အချက်တွေကတော့ လျှပ် စစ်ဓာတ်အား၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ အခြေခံအဆောက်အအုံများ မပြည့်စုံခြင်း၊ ခွင့်ပြုမိန့်၊ အခွန်ကိစ္စ စသော စီး ပွားရေးလုပ်ငန်းရှင်များနဲ့ပတ်သက်တဲ့ ဥပဒေသတ်မှတ်ချက်များ မပြည့်စုံခြင်း၊ အစိုးရရဲ့ လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာ မှုမရှိခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့ ဘောင်အဖွဲ့အစည်းအတွင်း တည်ငြိမ်မှု အားနည်းနေခြင်း၊ အစိုးရအဖွဲ့အစည်းများရဲ့ သတင်းအချက်အလက်များ ထုတ်ပြန် မှုမပြည့်စုံခြင်းစတဲ့အချက်တွေ ပါဝင် တယ်လို့ သိရပါတယ်။

  JCCI   ဥက္ကဋ္ဌက ‘ဒီအချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကလဲ ဟုတ်ပါတယ်၊ ဒါတွေဟာ ကျွန်မတို့နိုင်ငံမှာ အမှန်တကယ် လိုအပ်နေတဲ့ အချက်တွေပါ၊ ဒါတွေကို ဖြည့်ဆည်းဖို့ လဲ အားလုံးပူးပေါင်းဆောင်ရွက်စေလိုပါတယ် လို့ ပြောတဲ့အတွက် အင်မတန်မှ ဝမ်းသာမိပါတယ်၊ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ လာပါလာပါလို့ ဆိုပေမဲ့ ကုမဏီတွေကတော့ အမြတ်ရရှိမှ လုပ်ကြမှာပါ”လို့ ဇန်နဝါရီလ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါ တယ်။

ဂျပန်ကုမဏီတွေအနေနဲ့ မြန်မာနိုင်ငံ ကို အဓိကလာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့ကဏ္ဍတွေကတော့ လျှပ်စစ်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနဲ့ အစားအသောက်ထုတ်လုပ်တဲ့ကဏ္ဍတွေဖြစ်တယ် လို့ သိရပါတယ်။ လက်ရှိ ဂျပန်ကုမဏီ တွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်သာရှိနေပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ စင်ကာပူတို့က သာ အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံနေပါတယ်။

လိုအပ်ချက်

မြန်မာနိုင်ငံ ကုန်သည် “စက်မှုအသင်းချုပ် UMFCCI ဒုတိယဥက္ကဋ္ဌဦးရဲမင်းအောင်က ‘လျှပ်စစ်ပိုင်းမှာဆိုရင် ဂျပန်နိုင်ငံကနေ လာရောက်ရင်းနှီးမြှုပ်ချင်တဲ့ ပုဂ္ဂလိကကုမဏီတွေရှိတယ်၊ ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ လျှပ်စစ်နဲ့ပတ် သက်တဲ့ မူဝါဒက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့ အနေအထားမှာ မတွေ့ရဘူးပေါ့နော်၊ ဒါလေးတွေလဲရှိတာပေါ့၊ အဓိကကတော့ အစိုးရအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ခွင့်ပြုချက်တွေထုတ်ပေးတဲ့နေရာမှာ နှောင့်နှေးနေ တယ်၊ အဲဒါတွေလဲ သူတို့ပြောသွားတယ်” လို့ ပြောပါတယ်။

ဂျပန်ကုမဏီတွေဆီကနေ စစ်တမ်းကောက်ယူတဲ့ အချက်တွေထဲမှာဆိုရင် မြန်မာနိုင်ငံအနေနဲ့ လူငယ်အလုပ်သမား ပေါများခြင်းနဲ့ လုပ်အားခဈေးသက်သာခြင်းတွေဟာ ရင်းနှီးမြှုပ်နှံမယ့် ကုမဏီ တွေအတွက် ဆွဲဆောင်မှုရှိနေပေမဲ့ တစ် ဖက်မှာလည်း မြန်မာနိုင်ငံမှာ ကြုံ တွေ့နေရတဲ့ အခက်အခဲပြဿနာတွေကြောင့် ရင်းနှီးမြှုပ်နှံမယ့် ကုမဏီတွေအတွက် အဟန့်အတား ဖြစ်စေတယ်လို့ သိရပါတယ်။

ဂျပန်ကုမဏီတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှု ဈေးကွက် (Capital Market) ကို အသက်ဝင်စေဖို့အတွက် ရန်ကုန် stock exchange ဈေးကွက်မှ တစ်ဆင့် နိုင်ငံခြားသားတွေရဲ့ ဈေးကွက်အတွင်း အစုရှယ်ယာဝယ်ယူရင်းနှီး မြှုပ်နှံမှုကိုလည်းအားပေးသင့်တယ်လို့ ဂျပန်ကုမဏီတွေရဲ့ အကြံပြုချက်တွေမှာ ထည့်သွင်းတင်ပြထားပါတယ်။

‘စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ခွင့်ပြုပေးနေတဲ့အခြေအနေတွေ နှောင့်နှေးနေတဲ့အပိုင်းတွေမှာ နှောင့်နှေးနေတယ်၊ ဒါလေးတွေကို ပြင်ပေးစေချင်တယ်၊ နောက်တစ်ခုက ပုဂ္ဂလိက လုပ်ငန်းရှင်တွေပါဝင်မှု ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ပေးသင့်တယ်ပေါ့”လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

အကြံပြု

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ် နဲ့ ထိုင်းနယ်စပ်ဒေသရှိ ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း တာဝန်ခံအရာရှိပေါ်မူတည်ပြီး ကိုင်တွယ် ဆောင်ရွက်မှုကွာခြားချက်ရှိခြင်းနဲ့ ပွင့်လင်းမြင် သာတဲ့ အကောက်ခွန်လုပ်ငန်းစဉ် တစ်ရပ်ပေါ်ထွက်ဖို့လည်း အကောင်အ ထည်ဖော်သင့်တယ်လို့ အကြံပြုချက်တွေမှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် မြန် မာနိုင်ငံအနေနဲ့ အခွန်စည်းမျဏ်းများနဲ့ အခွန်စည်းကြပ်မှုနှုန်းထားများ ပြောင်းလဲ ခြင်းကို အခွန်ဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်တဲ့ အချိန်မှာ သင့်တော်သလို အသိပေးခြင်း များမရှိဘူးလို့လည်း အကြံ ပြုချက်မှာ ထည့်သွင်းထားပါတယ်။

‘ကျွန်တော်တို့ အခွန်နဲ့ပတ်သက်ပြီး ပြောရတာကတော့ တရုတ်နယ်စပ်ကနေ ကုန်သွယ်တဲ့ကဏ္ဍကို ကြည့်ပြီးပြောတာပါ၊ အဲဒီမှာဆိုရင် အခွန်ကောက်ခံတဲ့ လူတွေအပေါ် မူတည်ပြီး အခွန်နှုန်းထားတွေ မတူညီတာတွေ့ရပါတယ်˘ လို့ JCCI ဥက္ကဋ္ဌ က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျပန်ကုမဏီတွေအနေနဲ့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်ချက်တွေ ဖြစ်တဲ့ လျှပ်စစ်ကဏ္ဍနဲ့ အဆောက်အအုံကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားလျက်ရှိပြီး ကာလရှည်အမြင်နဲ့ စီမံကိန်းများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်တယ်။

လက်ရှိမှာတော့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အကူအညီအထောက်အပံ့တွေပေးတဲ့ အပိုင်းတွေမှာသာ အများဆုံး ပါဝင်နေပြီး ရင်းနှီးမြှုပ်နှံ မှုပိုင်းမှာတော့ သိပ်မပါဝင် သေးဘူးလို့ သိရပါတယ်။

အခြေခံအဆောက်အအုံကဏ္ဍ၊ နည်းဥပဒေနှင့် ကန့်သတ်ချက်များ ဖြေ လျော့ခြင်းကဏ္ဍနဲ့ အသေးစားအလတ် စားစီးပွားရေးလုပ်ငန်းရှငများပေါ် စီမံခန့်ခွဲမှု ကဏ္ဍတွေ ပြုပြင်ဖို့ အဓိကလိုအပ်ပါတယ်။

Author  မာရီခိုင်

Kumudra

No comments:

Post a Comment