Latest News

Wednesday, February 15, 2017

ဦးကိုနီကိုသတ်ရန် ကျပ်သိန်းတစ်ထောင်ပေး စေခိုင်းသော အောင်ဝင်းခိုင်ကို မသိဟု ဦးအောင်စိုးပြောကြား

ဦးကိုနီကိုသတ်ရန် ကျပ်သိန်းတစ်ထောင်ပေး စေခိုင်းသော အောင်ဝင်းခိုင်ကို မသိဟု ဦးအောင်စိုးပြောကြား



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုလုပ်ကြံရန် ကျပ်သိန်း တစ်ထောင်ပေးပြီး စေခိုင်းခဲ့သည်ဆိုသော အောင်ဝင်းခိုင်ဆိုသူကို မသိကြောင်း ဦးအောင်စိုးက ပြောကြားသည်။

‘‘အောင်ဝင်းခိုင်ဆိုတဲ့ စကား တစ်ခါမှ မကြားဖူးဘူး။ အစ်ကို့ကို မပြောဖူးဘူး။ အခုအသံထွက်နေ တာက အစ်ကိုက သူ့ကို အလုပ် လုပ်ဖို့ဆက်သွယ်တယ်လို့ကြား တယ်။ အစ်ကို့ကသူ့ဆီက သိန်း တစ်ရာလည်းမတောင်းဘူး။ သိန်း တစ်ထောင်လည်း မတောင်းဘူး။ အကြံလည်းမယူဘူး။ ဘယ် လောက်ဆိုပြီးလည်း  မတောင်း ဘူး။ အစ်ကိုက သူမဟုတ်တာလုပ် နေတာကို ထောက်ချင်လို့ ဆက် သွယ်တာပဲရှိတာ။ တကယ်အမှန် ဆို အစ်ကိုက ဖော်ထုတ်ဖို့ပဲရှိ တာ။ စရန်လည်းမတောင်းဖူးဘူး’’ ဟု ဦးအောင်စိုးက ဖေဖော်ဝါရီ ၁၅ ရက် ညဥ့်ဦးပိုင်းတွင် 7Day Daily အား ပြောသည်။ ဦးအောင်စိုးသည် ဦးကိုနီလုပ်ကြံခံရပြီးနောက် သေနတ်သမား ကြည်လင်းကို ငွေပေးစေခိုင်းသူမှာ အောင်ဝင်းဇော်ဖြစ်နိုင်ကြောင်း Myanmar Nowသတင်းဌာနအား ထုတ်ဖော်ပြောကြားခဲ့သူဖြစ်သည်။ ထို့အပြင် အောင်ဝင်းဇော်က ၎င်းကိုလည်း ကျပ်သိန်းငါးရာယူမလား၊ ကျပ်သိန်းခြောက်ရာယူမလား၊ လူမျိုးခြားသံတမန်တစ်ဦးကို သတ်ပေးရန်ဆိုကာ ၂၀၁၆ ဇွန်လက လာရောက်ကမ်းလှမ်းခဲ့ပြီး ဦးအောင်စိုးက ငြင်းဆိုခဲ့ကြောင်း Myanmar Now အား ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ ဖေ ဖော်ဝါရီ ၁၅ရက် သတင်းထုတ် ပြန်ချက်တွင် ဦးအောင်စိုးကို အောင်ဝင်းဇော်က ၂၀၁၆ ဇူလိုင် တွင် သံတမန်သတ်ပေးရမည်ဆိုကာ ကမ်းလှမ်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဦးအောင်စိုးက ပြန်လည်ဆက်သွယ်လာသော်လည်း သတ်ပေးရမည့် သံတမန်ပြန်သွားပြီပြောကာ လမ်းစဖြတ်ခဲ့ကြောင်းအောင်ဝင်းဇော်က ထွက်ဆိုထားသည်ဟု ဖော်ပြထားသည်။



7Day News Journal

No comments:

Post a Comment