Latest News

Monday, February 27, 2017

မွန်ပြည်နယ် ၀န်ကြီးချုပ်အသစ် ခန့်အပ်ရန် ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို မတ်လ ၁ ရက်တွင် ခေါ်ယူထား

မွန်ပြည်နယ် ၀န်ကြီးချုပ်အသစ် ခန့်အပ်ရန် ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို မတ်လ ၁ ရက်တွင် ခေါ်ယူထား



မွန်ပြည်နယ် ၀န်ကြီး ချုပ်အသစ် ခန့်အပ်ရန် ပြည်နယ် လွှတ်တော်အရေးပေါ် အစည်း အဝေးပြုလုပ်မည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ရုံးမှ သတင်း ရရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အ သစ် အမည်စာရင်းကို ဖေဖော်ဝါ ရီ ၂၇ ရက် ညနေတွင် နိုင်ငံတော် သမ္မတရုံးက စာပေးပို့ပြီး ပြည် နယ်ဝန်ကြီးချုပ်အသစ်ကျမ်းကျိန် ရန် မတ်လ ၁ ရက်၌ ပြည်နယ် လွှတ်တော်အရေးပေါ် အစည်းအ ဝေးပြုလုပ်မည်ဖြစ်သည်။

‘‘သမ္မတရုံးက ပေးပို့လာတဲ့ စာအိတ်က မဖွင့်ဖောက်ရသေး ဘူး။ ဥက္ကဋ္ဌဆီမှာပဲ ရှိသေးတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဘယ်သူလဲ ဆိုတာ အတိအကျမသိသေးပါ ဘူး။ အခု နာမည်ထွက်နေတဲ့ ကိုယ်စားလှယ် ဟုတ်၊ မဟုတ် အစည်းအဝေး ကျင်းပမယ့်နေ့မှပဲ အတိအကျသိမယ်’’ဟု မွန်ပြည် နယ်လွှတ်တော် ဒုဥက္ကဋ္ဌဒေါက် တာအောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဟောင်း ဦးမင်းမင်းဦး တာဝန် ထမ်းဆောင်သည့် သက်တမ်း ၁၀ လအတွင်း မိမိသဘောဆန္ဒအ လျောက် နုတ်ထွက်ခွင့်ပြုရန် ဖေ ဖော်ဝါရီ ၂၀ ရက်က နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ နုတ် ထွက်စာတင်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က)နှင့် တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်များအရ မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့် မွန်ပြည်နယ်အစိုး ရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န် ကြီး ဦးမင်းမင်းဦးကို မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြု ကြောင်း နိုင်ငံတော်သမ္မတ ဦးထင် ကျော်လက်မှတ်ဖြင့် ဖေဖော်ဝါရီ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဦးမင်း မင်းဦးရာထူးမှ နုတ်ထွက်စာတင် သည့် တစ်ရက်အတွင်း ၀န်ကြီး ချုပ် ရာထူး ဆက်လက်တာဝန် ထမ်းဆောင်ရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်း ဆောင် ဦးဝင်းထိန်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကျိုက် ထိုမဲဆန္ဒနယ် အမှတ်(၂) မှ ဒေါက်တာအေးဇံကို တရားဝင် ထောက်ခံမှုပြုလုပ်ခဲ့ပြီး ဒေါက် တာအေးဇံ ၀န်ကြီးချုပ်ဖြစ်ရန် ရေ ပန်းစားလျက်ရှိသည်။

လွှတ်တော်အရေးပေါ် အ စည်းအဝေးခေါ်ယူမည့်ကိစ္စနှင့် ၀န်ကြီးချုပ် အမည်စာရင်းထွက် သည့် ကိစ္စကို မေးမြန်းရန် ဒေါက်တာ အေးဇံအား ဖုန်းဖြင့် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားမှုမရှိပေ။

‘‘မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးလုပ်ဖို့ ညနေပိုင်းလောက်က အကြောင်း ကြားထားပါတယ်။ ၀န်ကြီးချုပ်က ဒေါက်တာအေးဇံလို့ နာမည်ထွက် နေတော့ ဒေါက်တာအေးဇံဖြစ်ဖို့ များတယ်။ ကျွန်တော်တို့ အတိအ ကျမသိသေးပါဘူး’’ဟု ကျိုက်မ ရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန် က ပြောသည်။

ဒေါက်တာအေးဇံက ၎င်း အား ၀န်ကြီးချုပ်အဖြစ် တရားဝင် ကမ်းလှမ်းမှု မရှိသေးကြောင်း၊ ဦးဝင်းထိန်ကနှုတ်ဖြင့် ပြောကြား မှုကို လက်ခံရရှိကြောင်းနှင့်၎င်း သာ ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ရပါက ပြည်နယ်အ တွင်း စွမ်းအင်၊ အခြေခံအ ဆောက်အအုံနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးမည် ဖြစ်ကြောင်း 7Day Daily သတင်း စာအား ပြောကြားထားသည်။



7Day News Journal

No comments:

Post a Comment