Thursday, February 23, 2017
မြင့်မားတဲ့အဆောက်အဦးပေါ်မှာ သက်စွန်ဆံဖျား ဓါတ်ပုံ ရိုက်ကူးတဲ့မော်ဒယ်
လူမူကွန်ရက်တွေဖြစ်တဲ့ Facebook ၊ instagram တို့မှာ ပုံတွေ အပြိုင်အဆိုင်တွေတင်နိုင်ဖို့ အလှပုံမျိုးစုံတွေ ရိုက်ကြရာ ရုရှားနိုင်ငံက မော်ဒယ်တစ်ဦးကလည်း သူမရဲ့ Instagram မှာတင်နိုင်ဖို့ မြင့်မားတဲ့အဆောက်ဦးပေါ်ကနေ အကာကွယ်မရှိဘဲ သက်စွန့်ဆံဖျား ဓါတ်ပုံတွေရိုက်ကူးခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့မော်ဒယ် ဗစ်တိုးရီယား အိုဒင်ဆိုဖာ ဟာ ဒူဘိုင်းရှိ ကောင်းကင်ယံအထပ် ၇၃ ထပ် ရှိအဆောက်အဦးပေါ်ကနေ သက်စွန့်ဆံဖျား ဓါတ်ပုံတွေရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံတွေအရ သူမဟာ ၇၃ ထပ်ရှိအခန်း ပြတင်းပေါက်မှာအခြားအကာကွယ် မရှိဘဲ လူတစ်ဦးက သူမကို ဆွဲပေးထား သူမဟာ အဆောက်အဦးပေါ်ကတန်းပေါ်မတ်တပ်ရပ်လျက်ရှိပြီးနောက်ကို အနည်းငယ် အသားပေး နေတဲ့ပုံတွေရိုက်ကူးခဲ့တာဖြစ်ပါတယ်။
တကယ်လို့များသူ မကို ဆွဲထားသူ ဟာ လက်လွတ်ခြေလွတ်ဖြစ်ခဲ့မယ်ဆိုရင် ရုရှားမော်ဒယ် ဟာအသက် နဲ့ ကိုယ် အိုးစားကွဲဖို့များပါတယ်။
ရုရှားမော်ဒယ်ဟာ ပြတင်းပေါက် ကို ဆင်းပြီး သူမလက်ကို အပေါ်က လူတစ်ဦးက ဆွဲ သူမ ကလေထဲမှာရှိနေတဲ့ပုံတွေကိုထပ်မံ ရိုက်ကူးခဲ့လို့ ပုံတွေကို တွေမြင့်ရသူတွေ အသည်းယား အူးယားတွေဖြစ်ခဲ့တယ်လို့ တွေမြင့်ရသူတွေကပြောပါတယ်။
refviral
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
မြင့်မားတဲ့အဆောက်အဦးပေါ်မှာ သက်စွန်ဆံဖျား ဓါတ်ပုံ ရိုက်ကူးတဲ့မော်ဒယ်
Reviewed by timeayeyar
on
7:52 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment