Latest News

Saturday, February 11, 2017

လာမည့်မေလကစ၍ စလစ်ကပ်ကားများကို ကြိုတင်ဝင်ငွေခွန်ကောက်ခံမည်

လာမည့်မေလကစ၍ စလစ်ကပ်ကားများကို ကြိုတင်ဝင်ငွေခွန်ကောက်ခံမည်

၂၀၁၇ မေလကစ၍ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး စလစ်ကပ် တင်သွင်းလာသည့် ကားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဟု ဖေဖော်ဝါရီ ၁၀ ရက်၌ ပြည်တွင်းအခွန်များ ဦးစီးဌာနက သတင်းထုတ်ပြန် သည်။

မူလက စလစ်ကပ်ကားများ ကို ကြိုတင်ဝင်ငွေခွန်ကောက်ခံ မည့် အစီအစဉ်နှင့်ပတ်သက်၍ တိကျသော ညွှန်ကြားချက်မရှိ သေးသော်လည်း ယခုထုတ်ပြန် ကြေညာခြင်းဖြစ်သည်။

၂၀၁၆ ပြည်ထောင်စု အခွန် အကောက်ဥပဒေအရ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာတွင် စလစ်ကပ်ကားများကလွဲ၍ ဖရီး ပါမစ်ကားများ တင်သွင်းပါက ကား၏တန်ဖိုးအလိုက် ၁၅ ရာခိုင် နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အခွန် ဆောင်ရန် သတ်မှတ်ထားသော် လည်း ၂၀၁၇ မေလကစတင်ပြီး ကြိုတင်ဝင်ငွေခွန်ကို စလစ်ကပ် ကားများပါ ထည့်သွင်းကောက်ခံ တော့မည်ဖြစ်သည်။

ကြိုတင်ဝင်ငွေခွန် လာဆောင်သည့်ကားများသည် တစ်လလျှင် အစီးရေ ၂,၅၀၀ မှ ၃,၀၀၀ အထိရှိပြီး အများစုမှာ ဝင်ငွေရလမ်းမဖော်ပြနိုင်သဖြင့် အခွန်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝင်ငွေရလမ်း ဖော်ပြနိုင်ပါက သွင်းထားသည့် အခွန်ငွေကို ပြန် လည်ထုတ်ယူနိုင်ရန် အမြန် ဆောင်ရွက်ပေးနေကြောင်း သိရ သည်။

ကြိုတင်ဝင်ငွေခွန် လာရောက်ပေးဆောင်သော ကားအများစုသည် နယ်လိပ်စာပေါက် ကားအများစုပါဝင်ပြီး ပြည်ပမှ တင်သွင်းသောကားများ ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းမှ တစ်ရက်လျှင် ကျပ်သန်း ၁၆၀ ကျော် ကောက်ခံရရှိနေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

‘‘၂၀၁၇ ပေါ်လစီနဲ့သွင်းလာ မယ့် စလစ်ကပ်ကားတွေ Consig -nment နဲ့သွင်းထားပြီး နံပါတ် မယူရသေးတဲ့ စလစ်ကပ်ကား တွေအားလုံး ဧပြီ ၁ ရက်မှာစပြီး ကြိုတင်ဝင်ငွေခွန် ဆောင်ပြီးမှ ကညနမှာ ကနဦးဆောင်ရွက်ပေး တော့မှာဆိုတော့ ကုန်ကျစရိတ် က နှစ်ထပ်ကွမ်းဖြစ်လာမယ်။ ဒါတောင် အထူးကုန်စည်ခွန်ကလည်း ကောက်ဖို့ ရှိသေးတယ်’’ ဟု MMM ကားအရောင်းစင်တာမှ ကိုမင်းမင်းမောင်က ပြောကြားသည်။


Sources : 7Day News Journal

No comments:

Post a Comment