သီရိလင်္ကာတွင် အချုပ်ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး လူခုနစ်ဦး သေဆုံး
ရာဇ၀တ်ဂိုဏ်းများကြား အငြင်းပွားမှုတစ်ခုဖြစ်သည်ဟု ယုံကြည်ရသော ဖြစ်ရပ်အတွင်း ကိုလံဘိုမြို့တွင် တနင်္လာနေ့က တရားရုံးသို့လာရာလမ်း၌ အ ကျဉ်းထောင် ဘတ်စ်ကားတစ်စီး ကို သေနတ်သမားများက ပစ် ခတ်တိုက်ခိုက်မှုကြောင့် အကျဉ်း သားငါးဦးနှင့် အကျဉ်းထောင်အမှု ထမ်းနှစ်ဦး သေဆုံးခဲ့ကြောင်းအရာရှိများကပြောသည်။
လက်နက်ကိုင်ဂိုဏ်းတစ် ဂိုဏ်းက မြေအောက်ရာဇ၀တ် ကောင်တစ်ဦး ပါဝင်သော အ ကျဉ်းသားများကို တင်ဆောင်လာ သည့် ဘတ်စ်ကားအား ပိတ်ဆို့၍ တိုက်ခိုက်ခဲ့ကြောင်း အကျဉ်းဦးစီး ဌာန ပြောရေးဆိုခွင့်ရှိသူ သူရှာရာ အူပူဒီနီယာက ပြောကြားသည်။
အကျဉ်းသား ငါးဦးလုံးနှင့် ထောင်အမှုထမ်းနှစ်ဦး သေဆုံးပြီး အခြားအရာရှိကိုးဦးကို ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရ ကြောင်း အူပူဒီနီယာက ရိုက်တာသတင်းဌာနအားပြောသည်။
စုံစမ်းစစ်ဆေးမှုများအရ ယင်းတိုက်ခိုက်မှုသည် ဂိုဏ်းနှစ်ခုကြား ကာလကြာရှိနေသော အငြင်းပွားမှုတစ်ခု၏ ရလဒ်ဖြစ် ကြောင်း သိရှိထားသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပရီယန် ဘာဂျာယာကိုဒီကပြောသည်။
သီရိလင်္ကာနိုင်ငံတွင် ယခင် ကလည်း မေးမြန်းစစ်ဆေးရန် တရားရုံးသို့ ပို့ဆောင်စဉ် တရားခံ များကို သေနတ်သမားများ ပစ် သတ်မှုများ ရှိခဲ့သည်။
—Ref: Reuters
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment