Latest News

Saturday, February 4, 2017

ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု

ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု

စစ်ပွဲများရပ်တန့်ပေးရန် အတွက် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ချီတက်လမ်းလျှောက်ပွဲကို ယနေ့ (ဖေဖော်ဝါရီ၎ရက်)က ရန်ကုန်မြို့တွင် ပြုလုပ်လျှက်ရှိသည်။


ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ချီတက်လမ်းလျှောက်ပွဲကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် မြေနီကုန်း ခုံးတံတားမှ ဆူးလေလမ်းကြောင်း နှင့် ဗိုလ်စိန်မှန်ကွင်းမှ ဆူးလေလမ်းကြောင်း စသည့် လမ်းကြောင်းနှစ်ခုဖြင့် ချီတက်တောင်းဆိုနေခြင်းဖြစ်သည်။

ပြည်တွင်းစစ်များ ရပ်တန့်ရေး၊ စစ်ဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီခွင့်ရရှိရေး၊ စစ်အသုံးစရိတ်များ လျှော့ချရေးနှင့် တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာပေးရေး စသည့် အချက်(၄)ချက်ကို တောင်းဆိုနေကြခြင်း ဖြစ်သည်။

Sources : 7Day News Journal

No comments:

Post a Comment