Latest News

Thursday, February 16, 2017

လက်ရှိအစိုးရကိုလည်း ဝေဖန်စရာရှိလျှင် ဝေဖန်မည်ဟု သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်စိန်သီးပြော

လက်ရှိအစိုးရကိုလည်း ဝေဖန်စရာရှိလျှင် ဝေဖန်မည်ဟု သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်စိန်သီးပြော


အစိုးရအဆက်ဆက်၏ မှားယွင်းချက်များကို ဝေဖန်ထောက်ပြခဲ့သော သီးလေးသီးအငြိမ့်အဖွဲ့က လက်ရှိ ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရကိုလည်း ဝေဖန်ထောက်ပြစရာရှိပါက ပွင့်ပွင့် လင်းလင်း ဝေဖန်ထောက်ပြသွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်စိန်သီးကပြောသည်။

“ကျွန်တော်တို့ပြောလို့ရတဲ့ အချိန်ကပြောတဲ့ စကားတစ်ခွန်းနဲ့ ပြောလို့မရတဲ့အချိန်မှာ ပြောလိုက်တဲ့ စကားတစ်ခွန်းက ပိုပြီးထိရောက်မယ်ထင်တယ်။ ဒီဘက်ခေတ်အရပ်အစိုးရလက်ထက်မှာ ပြက်လုံးထုတ်ရ လောက်အောင် မတွေ့သေးဘူး။ ကျွန်တော်တို့တွေ ခေတ်အဆက်ဆက်က ပြောလာကြပြီး ဒီခေတ်ကျ ရေငုံနှုတ်ပိတ်နေရင် နည်းလမ်းတော့မကျဘူး။ ကိုယ်ကြိုက်လို့ တင်မြှောက်ထားတဲ့အစိုးရအမှားဆိုရင်တောင် ငြိမ်မနေဘဲ ပြည်သူတွေမပြောခင်မှာ ကိုယ်တွေဘက်က အရင်ပြောမှာပါ”ဟု ၄င်းကပြောသည်။

သီးလေးသီးအဖွဲတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေးအထိမ်းအမှတ် စည်တော်သံ အနုပညာပွဲခင်းသာကို နေပြည်တော်၌ ကပြဖျော်ဖြေခဲ့ကြခြင်းဖြစ်ပြီး သီးလေးသီးအဖွဲ့အငြိမ့် ကပြဖျော်ဖြေရာ၌ အချို့သက်ဆိုင်သောနေရာများ၌ ပွဲလျှောက်ထားခွင့်ပါမစ် မရရှိခြင်းမျိုးလည်း ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်စပိုင်းများ၌ မြန်မာနိုင်ငံနေရာအနှံ့တွင် သီးလေးသီးအငြိမ့်အဖွဲ့သည် ခေတ်ကို သရော်သည့် ခေတ်သစ်ပြက်လုံးများကိုသာ အဓိကထားဦးစားပေး ဖျော်ဖြေသွားမည်ဖြစ်ကြောင်း လူရွှင်တော် စိန်သီးက ပြောသည်။
သီးလေးသီးအဖွဲ့သည် စစ်အစိုးရလက်ထပ်တွင် အစိုးရ၏ မှားယွင်းချက်များကို ပြက်လုံးထုတ်ဝေဖန်မှုကြောင့် အဖမ်းဆီးမခံရရန် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်နေထိုင်ခဲ့ရသည့် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

ဇင်မင်း

Tomorrow News Journal

No comments:

Post a Comment