ဆရာတော် မဟာ မုနိဝမ် ကို ထိုင်း ဗုဒ္ဓဘာသာ သာသနာပိုင် အဖြစ်ခန့်အပ်
ထိုင်းနိုင်ငံမှာ ဘုရင် ဝဇီရာလောင်ကွန် က နိုင်ငံရဲ့ ဗုဒ္ဓဘာသာ သာသနာပိုင်သစ်အဖြစ် သက်တော် ၈၉ နှစ် ရှိပြီဖြစ်တဲ့ ဆရာတော် မဟာ မုနိဝမ် ကို မနေ့က ခန့်အပ်လိုက်ကြောင်း ထိုင်း ၀န်ကြီးချုပ် ချန်အိုချာ က ပြောပါတယ်။
သာသနာပိုင် ခန့်အပ်လိုက်တာပါ။ ၂၀၁၃ ခုနှစ်က သက်တော် တစ်ရာရှိတဲ့ သာသာနာပိုင်ဟောင်း ပျံတော်မူသွားခဲ့ပြီးတဲ့နောက်၊ နိုင်ငံရေး နဲ့ အကျင့်ပျက်ခြစားမှုတွေ ရှုတ်ထွေးနေခဲ့တာကြောင့် သာသနာပိုင်သစ် ခန့်အပ်ရေး နှောင့်နှေးနေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ထိုင်း သံဃာ့ ဗဟိုကောင်စီက သံဃာတော်တပါးကို အမည်စာရင်းတင်သွင်းခဲ့ပေမဲ့၊ စစ်အစိုးရက လက်မခံ ပယ်ချခဲ့ပါတယ်။ အဲဒီနောက် အာဏာသိမ်း စစ်တပ်က ခန့်အပ်ထားတဲ့ လွှတ်တော်က ထိုင်းဘုရင်သစ် ၀ဇီရာလောင်ကွန် ကို သာသနာပိုင် ရွေးချယ်ခန့်အပ်ခွင့် အာဏာ အပ်နှင်းလိုက်ပါတယ်။
ဝန်ကြီးချုပ် ခန်အိုချာ တင်ပြခဲ့တဲ့ ငါး ဦးပါ အမည်စာရင်း ထဲက ဆရာတော် မဟာ မုနိဝမ် ကို ဘုရင်က သာသနာပိုင်အဖြစ် ခန့်အပ်လိုက်တာကြောင့် သူဟာ ထိုင်းနိုင်ငံက သံဃာ သုံးသိန်းကျော် ရဲ့ အကြီးအမှူးဖြစ်သွားပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment