Latest News

Thursday, February 23, 2017

ကွာလာလမ်ပူလေဆိပ်မှာ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှု မှတ်တမ်း

ကွာလာလမ်ပူလေဆိပ်မှာ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှု မှတ်တမ်း

ကွာလာလမ်ပူလေဆိပ်မှာ ကင်မ်ဂျုံနမ် (Kim Jong Nam) ကို လုပ်ကြံသတ်ဖြတ်ရာမှာ အသုံးပြုခဲ့တဲ့ အဆိပ်သင့် ဓာတုဗေဒပစ္စည်း အမျိုးအမည်ကို မလေးရှားရဲတပ်ဖွဲ့က ယနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) ထုတ်ပြန်လိုက်ပါတယ်။ မလေးရှားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုအရ ကင်မ်ဂျုံနမ်ကို လုပ်ကြံရာမှာ VX nerve agent ကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။ VX nerve agent ခေါ် N-2-Diisopropylam Methylphosphonothiolate ကို ဓာတုလက်နက်များ ထုတ်လုပ်ရာမှာ အသုံးပြုပြီး ကုလသမဂ္ဂက လူအစုအပြုံလိုက် သေစေနိုင်တဲ့ လက်နက်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံနမ်ရဲ့ အဖေတူအမေကွဲ အစ်ကိုဖြစ်သူ ကင်မ်ဂျုံနမ်ဟာ ဖေဖေါ်ဝါရီ ၁၃ ရက် မနက်ပိုင်းက  မကာအိုသို့သွားရန် ကွာလာလမ်ပူလေဆိပ်မှာ စောင့်ဆိုင်းနေစဉ် အမျိုးသမီးနှစ်ဦးက ၎င်းရဲ့မျက်နှာကို အဆိပ်ရည်တစ်မျိုးဆွတ်ထားတဲ့ အဝတ်ဖြင့်ဖုံးအုပ်ခံရပြီးနောက် သေဆုံးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ယခုအခါ ဓာတုဗေဒလက်နက်ဌာနရဲ့ စမ်းသပ်စစ်ဆေးမှုအရ ကင်မ်ဂျုံနမ်ရဲ့မျက်နှာကို ဖုံးအုပ်ခဲ့တဲ့ အဝတ်မှာ VX nerve agent တွေ့ရှိရကြောင်း မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ခါလစ်အဘူဘာကာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

(ဆက်စပ်သတင်း - ကင်မ်ဂျုံနမ်လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး မလေးရှားရဲတပ်ဖွဲ့က မြောက်ကိုရီးယားသံတမန်ကို အလိုရှိနေ)


မလေးရှား စုံစမ်းစစ်ဆေးရေမှူးတွေက သံသယရှိသူ မြောက်ကိုရီးယားငါးဦးရဲ့ အမည်များကို ထုတ်ြပန်ထားပြီး ၎င်းတို့ကို ကွာလာလမ်ပူလေဆိပ်မှာ ကင်မ်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အလိုရှိနေကြောင်း သိရပါတယ်။  အဆိုပါ မြောက်ကိုရီးယားများအနက် အသက် ၄၄ နှစ်အရွယ် သံရုံးဒုတိယအတွင်းဝန် ဟွန်ကွမ်ဆောင်း (Hyon Kwang Song) နဲ့ အသက် ၃၇ နှစ်အရွယ် မြောက်ကိုရီးယား လေကြောင်းလိုင်းဝန်ထမ်း ကင်မ်အုခ်အီလ် (Kim Uk Il) တို့လည်း ပါဝင်ကြောင်း မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ခါလစ်အဘူဘာကာက သတင်းထောက်များကို ပြောပါတယ်။
ကင်မ်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံမှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူများ
၁။ ဗီယက်နမ်ပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဒိုအန်သီဟောင်း (Doan Thi Huong) (၂၈ နှစ်)
၂။ အင်ဒိုနီးရှားပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဆစ်တီအိုင်ရှာ (Siti Aisyah) (၂၅ နှစ်)
၃။ ဆစ်တီအိုင်ရှာရဲ့ရည်စား မလေးရှားလူမျိုး မိုဟာမက် ဖာရစ်ဒ် ဂျလာလုဒင်း (Muhammad Farid Jalaluddin)
၎။ မြောက်ကိုရီးယား အမျိုးသား ရီဂျုံချိုလ် (Ri Jong Chol) (အသက် ၄၇ နှစ်)

Source & Photo: AFP : Duwun

No comments:

Post a Comment