Latest News

Saturday, February 18, 2017

သူတို့ဘာကြောင့်ချမ်းသာပြီး ၊ကျွန်တော့်တို့ ဘာကြောင့် ဆင်းရဲနေကြသလဲ

သူတို့ဘာကြောင့်ချမ်းသာပြီး ၊ကျွန်တော့်တို့ ဘာကြောင့် ဆင်းရဲနေကြသလဲ

ဒူဘိုင်း Dubai မြို့ကို ရောက်နေပါတယ် ခင်ဗျာ

သူတို့ဆီမှာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတွေရှိပါတယ်

ကမ္ဘာ့အကောင်းဆုံး shopping mall တွေရှိပါတယ်

တစ်ရက် တစ်ည အိပ်ကိုအခန်းခမြန်မာ
ငွေ သိန်း ၃၀၀ ပေးရတဲ့တဲ့ကြယ် ၇ ပွင့် ဟိုတယ်ကြီးတွေရှိပါတယ်

သိန်း ၅၀ လောက်တန် တဲ့ ဖိနပ် ကို စီးနိင်တဲ့ လူတွေများတယ်

ကမ္ဘာ့ကားအကောင်းစားတွေကိုစီးနိင်တဲ့တိုင်းပြည်ပါ

ပြောချင်တာ က လူချမ်းသာတွေနေတဲ့တိုင်းပြည်

သဲကန္တာရ တိုင်းပြည်ပါ

သစ်ပင်ကြီးတွေ လုံးဝမရှိတဲ့တိုင်းပြည်ပါ

မိုးမရွာတာ ၂ နှစ်ရှိပြီဖြစ်တဲ့တိုင်းပြည်ပါ

ရာသီဥတု အလွန်ဆိုးပါတယ်၊နွေဆို ၅၀ဒီကရီထိပူပြီး၊ aဆာင်းတွင်း အလွန်အေးပါတယ်

တောင်တန်းကြီးတွေကိုမမြင်ဘူးတဲ့တိုင်းပြည်ပါ

သဘာဝ အလှတရား မရှိတဲ့တိုင်းပြည်ပါ

အဖိုးတန် ရတနာ ဘာမှ သိပ်မထွက်ပါဘူး

အဓိက စီးပွားရေးလုပ်ငန်းက

ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး လုပ်ငန်း၊ ဘဏ် လုပ်ငန်းတွေ၊ အိမ်ခြံမြေ လုပ် ငန်းပါ

ရေနံလုပ်ငန်းကတော့ စီးပွားရေးလုပ်ငန်းရဲ့အားလုံးရဲ့ ၆ % ပဲ ရှိပါတယ်

လူသုံးကုန်ပစ္စည်းဆို tax လုံးဝမကောက်ပါဘူး

ဈေးဝယ်လို့ အလွန်ကောင်းတဲ့တိုင်းပြည်ပါ

လမ်းမှာ ယဉ်ထိန်းရဲရော ၊ပတ္တရောင် လှည့်တဲ့ ရဲ တွေရော မတွေ့ ရပါဘူး ခင်ဗျာ

ကျွန်တော်က မေးကြည့်တယ် ရဲတွေ မတွေ့ပါလားပေါ့

ရဲတွေ အလွန်နည်းပါတယ်တဲ့

ယဉ်မတော်တဆမှု ဖြစ်ရင် မှားတဲ့သူက အမှု ပေါ် မူတည်ပြီး အနည်းဆုံး ဒါဏ်ငွေက မြန်မာငွေ ၅၀၀၀၀၀ ငါးသိန်းပါ

ယဉ်မရပ်ရဆိုတဲ့နေရာမှာပထမအကြိမ်ရပ်မိရင် ဒဏ်ငွေ မြန်မာငွေ ၁၀ သိန်းပါ

ဒုတိယအကြိမ် ရပ်မိရင် လိုင်စင်သိမ်းခံရပါမယ် ၊တသက်လုံး ကားမောင်းခွင့်မရှိပါဘူး

မကောင်းတဲ့ ကား လိင်ဆက်ဆံ တဲ့ကားတွေကြည့်ရင် ဒဏ်ငွေ မြန်မာငွေ သိန်း ၁၅၀၀ သိန်းတစ်ထောင့်ငါးရာပါ၊မပေးနိင်ပါက ထောင်ဒဏ်ပါ။

အင်တာနက်က နေ ဒေါင်းလုပ် လုပ်လို့မရပါဘူး

နေရာ တော်တော်များများမှာ wifi Free ပါ၊ အလုပ်ကိစ္စကလွဲလို့ သုံးမယ့်သူ မရှိပါဘူး

အတိုအစ ခိုးတဲ့လူဆိုရင် ထောင် ၅ နှစ်ပါ

လူသတ်ရင် တစ်သတ် တစ်ကျွန်းပါ

မုဒိန်းမူ ဆို ထောင် အနှစ် ၂၀ နဲ့ အထက်ပါ

အမှု ဖြစ်တာနဲ့ မိနစ်အနည်း ငယ်အတွင်း ရဲတွေ ရောက်လာပါမယ်

စီစီတီဗွီ တွေ တမြို့လုံး ရှိတဲ့တိုင်ပြည်ပါ

ရဲတွေသိပ်မလိုဘူးတဲ့ ထောင်တော့အကြီး ကြီးရှိတယ်လို ပြောပါတယ်

အရက် ကို လူမြင်ကွင်းမှာလုံးဝ သောက်ခွင့်မပြုပါဘူး၊ရောင်းခွင့်မပြုပါဘူး

သောက်လို့ရတဲ့ နေရာတွေရှိပါတယ် ။

ဟိုတယ်ကြီးတွေ ၊စားသောက်ဆိုင်ကြီးတွေ ၊မှာ သောက်လို့ရပါတယ်

အဲ့ဒီဆိုင်တွေမှာ ဘီယာ တစ်ခွက် ကို မြန်မာငွေ ၂၀၀၀၀ နှစ်သောင်းပါ

အရက်အပေါးစား တစ်ပုလင်းကို မြန်မာငွေ ၃၀၀၀၀၀ သုံးသိန်းပါ ခင်ဗျာ

အရက်နဲ့ ဘီယာ ကို အကောက်ခွန်မြင့်ထားပါတယ်

အရက်၊ဘီယာ မသောက်ရဆိုတဲ့စာတန်း တွေနေရာတိုင်းမှာရှိပါတယ်

သူတို့ တိုင်းပြည်ကလူတွေ အရက်သောက်တာနည်းပါတယ် ၊နိင်ငံခြားသားတွေသာ သောက်များတာပါ

နိက်ကလပ်တွေရှိပါတယ် ၊ဈေး အလွန်
ကြီးပါတယ် ၊နိင်ငံခြားသားတွေပဲသွားပါတယ်၊သူတို့လူမျိုး မရှိသလောက်ရှားပါတယ်၊

အပျော်အပါး လုပ်ချင်ရင် ၊ မင်းချမ်းသာအောင်အရင်လုပ် ဆိုတဲ့တိုင်းပြည်ပါ

ကြောက်ဖို့ကောင်းတဲ့ ဥပဒေအပြစ်ပေး ဒါဏ်တွေ ရှိ တဲ့ တိုင်းပြည်ပါ

လာဒ်စားမှု နည်း ပြီးစည်းကမ်း အလွန်ရှိတဲ့တိုင်းပြည်ပါ

ကျွန်တော်တို့တိုင်းပြည်မှာ ရာသီဥတု အလွန်ကောင်းပါတယ်

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကျွန်သစ်၊ ပတ္တမြား ၊ကျောက်စိမ်း တို့ ထွက်တဲ့တိုင်ပြည်ပါ

သဘာဝ အလှတရားတွေ အလွန်ပေါ များတဲ့တိုင်းပြည်ပါ

တန်ဖိုးကြီး ဟိုတယ်တွေမရှိပါဘူး

တန်ဖိုးကြီး အသုံးအဆောင်တွေသိပ်မသုံးနိင်သေးပါဘူး

သူ ဆင်းရဲ အလွန်တရာများ သောတိုင်း ပြည်ပါ

တိုင်းပြည်က ဆင်းရဲပါတယ်

ကျွန်တော်တို့တိုင်းပြည်ကလူဟာ Wifi Free ဆို မထတော့ပဲ တစ်နေကုန် ဖုန်းပွတ် တဲ့တိုင်းပြည်ပါ

လက်တွေသာ အရည်ကြည်ဖု ထသွားမယ် ၊ဖုန်းထိုင်ပွတ်တာ မထပါဘူး

အတိုအစခိုး ရင် မပြောနဲ့ ဒေါ်လာ သိန်း ဂဏန်း ခိုးရင်တောင်မမိပါဘူး

လူသတ်ရင် ထောင် ၇ နှစ်ပါ ၊လွတ်ငြိမ်း နဲ့ တိုး ရင် လပိုင်းနဲ့လွတ်ပါတယ်

မုဒိန်းမှု ဆို ထောင် ၆-၇ နှစ်ပါ။

မြန်မာ ဗီဒီယို ကားထဲကလို အမှု ဖြစ်
ပြီး တော်တော်ကြာမှ တာဝန်ရှိသူတွေ ရောက်လာမှာပါ

ယဉ်တိုက်မှု ဖြစ်ရင် ညှိနှိုင်းဈေးပါ

ယဉ်မရပ်ရတဲ့နေရာ မှာ ရပ်မည့်ရင် ကံ မကောင်းမှ ၃၅၀၀၀ ပဲ ဆောင်ရမှာပါ

မကောင်းတဲ့ကား အပြာ ကားတွေကို လွတ်လပ်စွာ ကြည့်နိင်ပါတယ် ၊ဒေါင်းလုပ် ၊လုပ်လို့ရပါတယ်၊လမ်းဘေးမှာဝယ်လို့ရပါတယ်

အရက်ကို တော ရော မြို့ပါမကျန် သောက်လို့ရတဲ့တိုင်းပြည်ပါ

အရက်ကို မြန်မာငွေ ၁၀၀ ကျပ်ကနေ သိန်းဂဏန်း ထိ ဝယ်လို့ရတဲ့တိုင်းပြည်ပါ

ဘီယာ ကို ကလေးရော ၊မိန်းကလေးတွေပါမကျန် မသောက်သောက်အောင်မြူဆွယ်ပြီး ဈေးပေါပေါ နဲ့ ရောင်းတဲ့တိုင်းပြည်ပါ

ရပ်ကွက်ထဲမှာ အရက်မှုးပြီး ဝင်လာရင် ဟာသ လုပ်ပြီးကြည့်နေတဲ့တိုင်းပြည်ပါ

နယ်စွန် ၊နယ်ဖျားထိ အရက် ၊ဘီယာ ကြေငြာ တဲ့ ဆိုင်းပုဒ် တွေ ရှိပါတယ်

သူဆင်းရဲ ရော သူဌေး ရော တတန်းထဲ ရတဲ့ အခွင့် အရေး ဟာ အရက်သောက်
ခြင်းပါပဲ၊

ဒါ ကျွန်တော် သိသလောက် ဦးနှောက်သေးသေးလေးနဲ့ ယှဉ်ပြတာပါ

သူတို့ဘာကြောင့်ချမ်းသာပြီး ၊ကျွန်တော့်တို့ ဘာကြောင့် ဆင်းရဲနေကြသလဲ

စဉ်းစားသာကြည့်ပါတော့။

ကျွန်တော်

မောင်ပင်လယ်ပါ ။

(ပြည်သူရော အစိုးရပါ ဖတ်ကြည့်သင့်တယ်ထင်လို့ မျှဝေပေးတာပါ .. . ကျော်ကြီး-MDY )

No comments:

Post a Comment