တပတ်အတွင်း ကြက်သွန်ဈေးတက်မှုကြောင့် အရောင်းဆိုင်တချို့ပိတ်ထား
ပြည်တွင်းစားသုံးမှု ဈေးကွက်ထဲမှာ တပတ်အတွင်း ကြက်သွန်နီဈေးတွေက ၁ ပိဿာကို ကျပ် ၁၀၀၀ ကျော်မြင့်တက်ခဲ့ပါတယ်။
ဒီလို ကြက်သွန်နီဈေးတွေ မြင့်တက်လာတဲ့ အပြင် ညောင်ပင်လေးဈေးက ကြက်သွန် အရောင်းဆိုင်တွေအနေနဲ့လည်း ကြက်သွန်ကို အရင်လို လုံလုံလောက်လောက် ဝယ်လို့ မရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဘုရင်နောင်ကုန်စည်ဒိုင်ကိုလည်း ကြက်သွန်နီ အဝင်နည်းနေလို့ ဝယ်ယူသူတွေကို လိုသလောက် မရောင်းနိုင်ပါဘူး။
လက်ရှိမှာတော့ ဈေးတွေက ကြက်သွန်ရောင်းချတဲ့ ဆိုင်တချို့ ပိတ်ထားတာတွေလည်း ရှိနေပါတယ်။
Sources : သတင်း - ကျော်ဇေယျ (DVB)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment