နှစ်ဆယ်ကျော်အရွယ်မှာ သင်အချိန်ဖြုန်းဆုံး အရာ (၆) ခု
အသက် နှစ်ဆယ်ကျော်ဆိုတာ ဘဝအတွက် အရေးကြီးဆုံးကာလ ဖြစ်ပါတယ်။ ဒီကာလမှာ သင့်ရွေးချယ်မှုတွေ၊ သင့်ကြိုးစားအားထုတ်မှုတွေက ဘဝနှောင်းပိုင်းထိ သက်ရောက်မှု ကြီးမားစွာ ရှိပါတယ်။ ဒါပေမဲ့ ဒီကာလမှာပဲ အချိန်တွေဖြုန်းမိပြီး နှောင့်နှေးသွားစေမယ့် ကိစ္စတွေလည်း ရှိပါတယ်။
၁ - ဟန်ဆောင်အလုပ်
ကိုယ့်ဘာကိုယ် ရပ်တည်နိုင်ပြီဖြစ်ကြောင်း သင့်အိမ်ကို ပြဖို့အတွက် ဝါသနာမပါဘဲ လုပ်နေရတဲ့ အလုပ်ဖြစ်ပါတယ်။ ရင့်ကျက်သူဖြစ်ကြောင်း ပြသဖို့ မလုပ်ချင်ဘဲ လုပ်နေရတဲ့ အလုပ်ဖြစ်ပါတယ်။ လူဆိုတာ အလုပ်လေးရှိမှ ဆိုတဲ့ စကားကို အိမ်က ခဏခဏ ပြောတာမျိုး ကြားလာရနိုင်ပါတယ်။ ရတဲ့ အလုပ်ဝင်လုပ်ရင်း အလုပ်တွေ ခဏခဏ ပြောင်းရင်း အချိန်တွေ ဖြုန်းတီးမိနေပါတယ်။
၂ - ကြင်ဖော်
အသက် နှစ်ဆယ်ကျော်လာရင် ခေါင်းထဲခဏခဏ ရောက်လာတာက လက်တွဲဖော်တစ်ယောက်ရှာရင် ကောင်းမလားပါ။ မတွဲခင် အချိန်ပေးရပါတယ်။ တွဲဖြစ်တော့လည်း အချိန်ထပ်ပေးရပါတယ်။ သဘောချင်းမတိုက်ဆိုင်လို့ ပြတ်သွားပြန်တော့လည်း ခံစားနေရတာနဲ့ အချိန်ပေးရပြန်ပါတယ်။ အတည်တကျ တစ်ယောက်တွဲဖို့ မလွယ်တဲ့လူဆိုရင်တော့ အချိန်တွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ ကုန်နေမှာပါ။
၃ - ဖေ့စ်ဘွတ်
ဖေ့စ်ဘွတ်ကြည့်ရင်း အချိန်ကုန်နေတာ ဖြစ်ပါတယ်။ အကျိုးရှိရှိသုံးလို့ရတာမျိုးတွေ ရှိပေမဲ့ ဘာမှမဟုတ်ဘဲ ထိုင်ကြည့်နေရင်း အချိန်ကုန်သွားတာတွေ မနည်းတော့ပါဘူး။ ဖေ့စ်ဘွတ်မှာ ပြောစရာလူမရှိဘူး၊ ထူးထူးခြားခြား သိချင်တာမျိုး မရှိရင်တော့ ဒီအတိုင်း ထိုင်ကြည့်နေတာမျိုးက အချိန်ဖြုန်းတာပဲ ဖြစ်ပါတယ်။
၎ - စိတ်ပူခြင်း
၂၀ ကျော်လာတာကြောင့် အလုပ်တစ်ခုရဖို့ ပူပန်နေရတာ၊ ခုထက်ထိ အသက်မွေးဝမ်းကြောင်းတစ်ခု ခိုင်ခိုင်မာမာ မရှာနိုင်သေးတာ၊ ရည်းစားအတွက် ပူပန်နေရတာ စတဲ့အရာတွေနဲ့ အချိန်ကုန်နေတာ ဖြစ်ပါတယ်။ ဒီပူပန်မှုတွေကို အေးအေးဆေးဆေး မရှင်းတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကြောင့် ပိုပြီး အချိန်ကုန်ရပါသေးတယ်။
၅ - ကိုယ့်ကိုယ်ကိုယ် လိမ်ညာခြင်း
ငါလုပ်နိုင်ပါတယ်ဆိုပြီး တကယ်မလုပ်နိုင်တာကို ရည်ရွယ်တာ ဖြစ်ပါတယ်။ လုပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကတိပေးထားပေမဲ့ တကယ်မလုပ်တာတွေ ဖြစ်ပါတယ်။ သူများတွေလုပ်နေတာကို ကြည့်ပြီး ကတိပေးပြန်ပါတယ်။ တကယ်လုပ်ရမယ်ဆိုတဲ့ အချိန်ကြရင်တော့ မလုပ်ချင်ပြန်ပါဘူး။ ဒီလို ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတာပဲ အချိန်ကုန်သွားတာပါ။
၆ - ရှေ့မထွက်ရဲခြင်း
ရှေ့မထွက်ရဲတာကြောင့် သင်ရှေ့ရောက်ရမယ့် နေရာတွေမှာ ရှေ့မရောက်တော့ပါဘူး။ ပြောသင့်တာတွေကို မပြောရဲတာကြောင့် လိုတာထက် အချိန်တွေ ပိုယူနေရပါတယ်။ ဖြစ်သင့်တာတွေ မဖြစ်တဲ့အတွက် အချိန်တွေ ပိုကုန်ပါတယ်။
Photos & Source: Elite Daily ( Duwun )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment