Latest News

Sunday, February 5, 2017

သစ်​​တောဌာန အရာရှိတစ်​ဦး ​သေနတ်​ဖြင့် အပစ်​ခံရ

သစ်​​တောဌာန အရာရှိတစ်​ဦး ​သေနတ်​ဖြင့် အပစ်​ခံရ


ကရင်​ပြည်​နယ် ​မြ၀တီမြို့ အမှတ်​ ၄ ရပ်​ကွက်​ အာရှလမ်းမ ​တောင်​က​လေး ဘုန်းကြီး​ကျောင်းအနီးတွင်​ သစ်​​တောဦးစီးဌာနမှ ​တော​ခေါင်းအဆင့်​ အရာရှိတစ်​ဦး​ ​ဖေေ​ဖာ်​၀ါရီ ၃ ရက်​ ည ၆ နာရီ မိနစ် ၄၀ က ​သေနတ်ဖြင့် ပစ်​ခတ်​ခံရ​ကြောင်း မြ၀တီ မြို့မရဲစခန်းမှ သိရသည်​။

ဖေ​ဖော်ဝါရီ ၃ ရက်​ ည ၆ နာရီ မိနစ် ၅၀ တွင် ​မြ၀တီ ပြည်​သူ့​ဆေးရုံကြီးသို့ ​သေနတ်​ထိမှန်​ ဒဏ်​ရာနှင့်​ လူနာတစ်​ဦး ​ရောက်​ရှိ​နေ​ကြောင်း သတင်းအရ မြ၀တီ မြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုနိုင်၊ ခရိုင်​ ဒုစရိုက်​ နှိမ်​နင်း​ရေးအဖွဲ့​ ခေါင်း​ဆောင်​ ရဲအုပ်​မျိုးကျော်​နှင့်​ နယ်​ထိန်းအရာရှိ ဒုရဲအုပ်​သက်​စိုးဦးနှင့်​ ရဲတပ်​ဖွဲ့ဝင်​များ၊ အမှတ်​ ၄ ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးတင်​ငြိမ်းတို့က သွားရောက်​ စစ်​​ဆေးရာ ​သေနတ်​ထိမှန်​ ဒဏ်​ရာ ရရှိသူမှာ ဦးခင်​မောင်​စိုး ၄၄ နှစ်၊ (ဘ) ဦးတင်​လှိုင်​ မြို့နယ်​ သစ်​​တော ဦးစီးဌာန​ တော​ခေါင်းတစ်ဦး ဖြစ်​​ကြောင်း သိရသည်​။

မြ၀တီခရိုင်​ ပြည်​သူ့​ဆေးရုံအုပ်​ကြီး ​ဒေါက်​တာသီတာစိုးနှင့်​ တာဝန်​ကျ ဆရာဝန်​ကြီးများက အ​ရေး​ပေါ် ကုသလျက်​ရှိပြီး ဦးခင်​​မောင်​စိုး၏ ၀မ်းဗိုက်​ယာဘက်​ ချက်​အ​ပေါ် ကျည်​​ပေါက်​ဒဏ်​ရာ တစ်​ချက်​၊ ယာဘက်​​နောက်​​ကျောခါးတွင်​ ကျည်​​ဖောက်​ထွက်​ ဒဏ်​ရာတစ်​ချက်​ ရရှိထား​ကြောင်း ရဲမှတ်​တမ်းအရ သိရသည်​။

ဖြစ်စဉ်​နှင့်​ပတ်​သက်​၍ ရဲတပ်​ဖွဲ့က ဆက်​လက်​ စစ်​​ဆေးရာ မြ၀တီ အာရှလမ်း ​တောင်​က​လေး​ကျောင်းအ​ရှေ့
တဲ​ပေါ်တွင်​ မြို့နယ်​သစ်​​တော ဦးစီးဌာနမှ ​တော​ခေါင်းအဆင့်​ရှိ ဦးရန်​နိုင်​နှင့်​ ဦးခင်​​မောင်​စိုးတို့နှစ်​ဦး ထိုင်​​နေစဉ်
ည ၆ နာရီ မိနစ် ၄၀ က သင်္ဃန်းညီ​နောင်​ဘက်​မှလာ​သော Wave110 အပြာ​ရောင် ဆိုင်​ကယ်​ဖြင့်​ မီးခိုး​ရောင်
အင်္ကျီဝတ်​ဆင်​ထားသူ တစ်​ဦး​ ရောက်​ရှိလာပြီး ရန်​နိုင်​ဆိုတာ မင်းလာဟု တဲအ​ရှေ့တွင်​ ထိုင်​​နေ​သော ဦးခင်​​မောင်​စိုးအား​မေးပြီး အသင့်​ပါလာသည့်​ ​သေနတ်​အတိုနှင့်​ တစ်​ချက်​ပစ်​ခတ်​ခဲ့ပြီး အာရှ လမ်းအတိုင်း သင်္ဃန်းညီ​နောင်​ဘက်​သို့ ​မောင်းနှင်​ ထွက်​သွား​ကြောင်း သိရသည်​။

အခင်းဖြစ်​ရပ်​အနီးတွင်​ ရှိ​နေသူတစ်​ဦးက “မှောင်​စဆိုတော့ ရုတ်​တရက်​မ​တွေ့ဘူး။ ​သေနတ်​သံကြားလို့ လှမ်းကြည့်​လိုက်​​တော့ ​ဆိုင်​ကယ်​စီးပြီး​ မောင်းထွက်​သွားပြီ အရင်​က​တော့ ဒီလမ်းမှာ သစ်​ကား​တွေ သွားလာ​ နေတာပါပဲ။ ဘာသံမှလည်း မကြားပါဘူး” ဟု ဆိုသည်​။

ထို့နည်းတူစွာ လွန်​ခဲ့​သော ဇန်​န၀ါရီ ၂ ရက်​​ ည ၆ နာရီ ၁၀ မိနစ်က မြ၀တီမြို့၊ အမှတ်​ ၄ ရပ်​ကွက်​ပိုင်​ ​မြေနီကုန်း ရပ်​ကွက်​တွင်​ အနက်​​ရောင်​၀တ်​စုံ ၀တ်​ထားသည့်​ လူတစ်​ဦးက ​နေအိမ်​​ပေါ်တက်​၍ ​သေနတ်​ဖြင့်​ပစ်​ခတ်​ခဲ့ခြင်း ​ကြောင့်​ အမျိုးသမီးတစ်​ဦး ​သေဆုံးသည့်​ဖြစ်​စဉ်​မှ ပြစ်​မှုကျူးလွန်​သူအား တစ်​လပြည့်​သည်တိုင်​​ ဖော်​ထုတ်
ဖမ်းဆီးရမိခြင်း မရှိ​သေး​​ကြောင်း သိရသည်​။

Eleven

No comments:

Post a Comment