Latest News

Friday, February 17, 2017

တည်ဆောက်မှုရပ်ဆိုင်းခြင်းခံရသော ပုသိမ် ကုတင် ၅၀၀ ဆေးရုံ သစ်ကြီး ဆက်လက် ဆောက်လုပ်ခွင့်ရရှိ

တည်ဆောက်မှုရပ်ဆိုင်းခြင်းခံရသော ပုသိမ် ကုတင် ၅၀၀ ဆေးရုံ

သစ်ကြီး ဆက်လက် ဆောက်လုပ်ခွင့်ရရှိ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဒီဇိုင်းကွာခြားမှုကြောင့် ရပ်ဆိုင်းခံရသော ကုတင်(၅၀၀)ဆံ့ ဆေးရုံသစ်ကြီး ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးပြီးဖြစ်၍ ဖေဖော်ဝါရီအ တွင်း ဆက်လက်ဆောက်လုပ်ခွင့်ရရှိသွားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။ဆေးရုံသစ်ကြီးကို ကွန်ကရစ်အဆောက်အဦး (၉)ထပ်တည်ဆောက်ရန် စီမံကိန်းတင်ပြထားသော်လည်း (၉) လွှာ အထိ အကြမ်းထည်ပြီးစီးနေချိန်တွင် စတီးလ်တိုင်များဖြင့် တည်ဆောက်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းမှစ၍ တည်ဆောက်မှုရပ်ဆိုင်းထားခံရပြီး စစ်ဆေးရေးအဖွဲ့၏တင်ပြချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့မှ ဆက်လက်ဆောက်လုပ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 “မူလက သဘောတူညီထားတဲ့  ဒီဇိုင်းမဟုတ်တာကြောင့် ကြံ့ခိုင်မှုရှိမရှိ ပြန်စစ်ဆေးတယ်။လိုအပ်တဲ့ မီးဘေး ကာကွယ်ရေးစနစ်တွေ ဓါတ်လှေကားတပ်ဆင်ရေးစနစ်တွေနဲ့ တခြားလိုအပ်တာတွေကိုဖြည့်စွက်ပြီး ပြည် ထောင်စုအဆင့်က ဆက်လုပ်ခွင့်ပြုလိုက်တာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးက ပြောသည်။

ပုသိမ်ကုတင်(၅၀၀)ဆံ့ ဆေးရုံသစ်ကြီးကို ၂၀၁၅ ခုနှစ်အတွင်း စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ခုနှစ်၊ဇူလိုင်လ အတွင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လာရောက်စစ် ဆေးပြီးနောက် တည်ဆောက်မှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။  အဆိုပါ ပုသိမ်ကုတင်(၅၀၀)ဆံ့ ဆေးရုံသစ်ကြီးတည်ဆောက်ရေးအတွက် ယခင်အစိုးရအဖွဲ့မှ ပထမအကြိမ် လွှတ်တော်တွင်တင်ပြ၍ သဘောထားရယူခြင်းမရှိသကဲ့သို့ ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူခြင်းမရှိဘဲဆောက် လုပ်မည့် ကုမ္ပဏီအားပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း များထံမှ သိရသည်။ ပုသိမ်ဆေးရုံသစ်ကြီးကို Royal Lotus ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေပြီး တည်ဆောက် မှုကို ခေတ္တရပ်ဆိုင်းခဲ့ရသဖြင့် ၂၀၁၇-၁၈ခုနှစ် ဘတ်ဂျက်ငွေမရရှိခဲ့ဘဲ ၂၀၁၅-၁၆ခုနှစ် ဘတ်ဂျက်ငွေကျပ်၂၈၈၄ သန်းမှာ အသုံးပြုခဲ့ပြီးဖြစ်ကာ ၂၀၁၆-၁၇ခုနှစ် ဘတ်ဂျက်ငွေကျပ် ၉၃၅၂.၅၈ သန်း အပြည့်အ၀အသုံးပြုနိုင်ခဲ့ပါ က  Steel Structure ပိုင်း (၉၀)ရာခိုင်နှုန်းပြီးစီးနိုင်ကြောင်း တာဝန်ယူတည်ဆောက်နေသည့် Royal Lotus Company Limited မှ သိရသည်။“ဘတ်ဂျက်မရရှိပေမယ့် အစိုးရရဲ့ဖြည့်စွက် ဘတ်ဂျက်ငွေရခဲ့ရင်တော့ လျာထားချက်ဖြစ်တဲ့ ၂၀၁၈ခုနှစ် အတွင်း မှာ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးမှာဖြစ်ပါတယ်”ဟု Royal Lotus Company Limited မှ စီမံကိန်းတာဝန်ခံ ဦးအောင်မြင့်က ပြောသည်။အဆိုပါ စီမံကိန်းအား ပုသိမ်မြို့၊မင်းကြီးလမ်းရှိ အထွေထွေရောဂါကုဆေးရုံကြီးဝန်းအတွင်းရှိ မြေဧက(၁.၅)ဧက တွင် Floor ဧရိယာ(၂၇၀,၀၀၀)စတုရန်းပေရှိ (၉)ထပ် အဆောက်အအုံတစ်လုံးနှင့်(၃)ထပ် အဆောက်အအုံ တစ်လုံးကို Steel Structure ဖြင့် တည်ဆောက်နေခြင်းဖြစ်ကာ စီမံကိန်းကာလကို ၂၀၁၅ခုနှစ်မှ ၂၀၁၈ခုနှစ် အတွင်း အပြီးတည်ဆောက်ရန် သတ်မှတ်ထားပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းအပ်နှံချက်အရ အ ဆောက်အအုံ၏ အရည်အသွေးကောင်းမွန် မှန်ကန်ရေးအတွက် Quality Control Team ,Top Enginering Consultants International Co Ltd မှ စစ်ဆေးအကြံပေးလျှက်ရှိကြောင်း သိရှိရသည်။

ရတနာပုံသတင်းစာ

No comments:

Post a Comment