"အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှာ ကင်မရွန်း ဗိုလ်စွဲ"
တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ အာဖရိကဖလားနိုင်ငံများဖလား ဖိုင်နယ်မှာ ကင်မရွန်းက နောက်ကလိုက်ကစားခဲ့ပြီး အီဂျစ်ကို ၂ဂိုး-၁ဂိုးနဲ့နိုင်ပါတယ်။ အီဂျစ်က ပထမပိုင်း ၂၂မိနစ်မှာ အယ်လ်နီနီက အီဂျစ်အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ တစ်သင်းနဲ့ တစ်သင်းအကြိတ်အနယ်က စားခဲ့ပြီး ကင်မရွန်း ဒုတိယပိုင်းမှာ ချေပဂိုးရခဲ့ပါတယ်။ ၅၉မိနစ်မှာ N'Koulou က သွင်းခဲ့တာပါ။ ဒီလိုနဲ့ တစ်ဂိုးစီသရေနဲ့ ပွဲပြီးမလိုဖြစ်နေတုန်း ၈၈မိနစ်မှာ ကင်မရွန်းဖက်က လူစားဝင်လာတဲ့ တိုက်စစ်မှူး Aboubakarက တစ်ကိုယ်တော် အစွမ်းနဲ့ အီဂျစ်နောက်ခံလူနှစ်ဦးကိုကျော်ပြီး ဂိုးသမားရဲ့ ဘယ်ဖက် ထောင့်ထဲကို ကန်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက် ကင်မရွန်းက အနိုင်ဂိုး ကိုထိန်းခဲ့လို့ ၂၀၀၂ခုနှစ်နောက်ပိုင်း အာဖရိက နိုင်ငံများဖလားကို ပထမဆုံး အကြိမ် ပြန်ရခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကင်မရွန်းအတွက် အာဖရိက ဖလားကို ၅ကြိမ်မြောက်ရခဲ့တာဖြစ်ပါတယ်။ လာမယ့် ၂၀၁၉ပြိုင်ပွဲကိုတော့ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာတဲ့ ကင်မရွန်းက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားပါတယ်။
BBC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment