Latest News

Saturday, February 4, 2017

မန်းရွှေစက်တော် ဘုရားပွဲမှာ မောင်းတံဂိတ်ကြေး လုံးဝမကောက်ခံပါ

မန်းရွှေစက်တော် ဘုရားပွဲမှာ မောင်းတံဂိတ်ကြေး လုံးဝမကောက်ခံပါ


မန္တလေး၊ ဖေဖော်ဝါရီ ၂

သည်နှစ်မန်းရွှေစက်တော်ဘုရားပွဲတော်မှာ မောင်းတံဂိတ်ကြေးတွေကောက်ခံမှာ မဟုတ်ဘူးလို့ မန်းရွှေစက် တော်ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးအောင်မျိုးထွန်းက ပြောပါတယ်။

အရင်နှစ်တွေက မောင်းတံဂိတ်ကြေးတွေ ကောက်ခံရာမှာ ဘုရားဖူးခရီးသည်တွေအတွက် အချိန်ကြန့်ကြာမှု၊ ကောက်ခံကြေးနဲ့ ပတ် သက်ပြီး အငြင်းပွားမှုတွေဖြစ်ပွားတဲ့အတွက် သည်နှစ်မှာမောင်းတံဂိတ်ကြေးမကောက်တော့ပါဘူး။

ဦးအောင်မျိုးထွန်းက မောင်းတံဂိတ်မှာ ဘုရားဖူးကားတွေကိုတားလိုက်ပြီဆိုရင် ခရီးကြန့်ကြာသွားပြီ၊ ဘယ်သူကောက်တာလဲဆိုတာ ယာဉ်မောင်းတွေက ကွန်ပလိန်းတက်တာတွေရှိတယ်၊ အဲဒါကြောင့် ဒီနှစ်မှာလုံးဝမကောက်ခံတော့တာပါလို့ ပြောပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်ကနေ ဧပြီလ ၁၇ ရက်အထိကျင်းပမှာပါ။

ကုမုဒြာ


No comments:

Post a Comment