Latest News

Monday, February 6, 2017

မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၄ သိန်းပြား၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည်ဆံ ၉၄ တောင့် သိမ်းဆည်းရမိ

မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၄ သိန်းပြား၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည်ဆံ ၉၄ တောင့် သိမ်းဆည်းရမိ

 ဖေဖော်ဝါရီ ၆၊၂၀၁၇
.
 ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ၁၇၁၅ ချိန်တွင် မောင်တောမြို့နယ်၊ နယ်မြေ(၇)၊ ဗောဓိကုန်းစစ်ဆေးရေးစခန်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ စောင့်ဆိုင်းနေစဉ် ဥူးပညာနန္ဒ(ခ)မင်းနိုင် မောင်းနှင်ပြီး ဦးအာစာရ (ခ)အေးလွင် လိုက်ပါလာသည့် KLUGER ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း မှ မြွေရေခွံအိတ် (၂) အိတ်ဖြင့် ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းပြားနှင့် ငွေကျပ် ၁၀ သိန်းအား သိမ်းဆည်းရမိ သည်။
.

ဆက်လက်၍ပူးပေါင်းအဖွဲ့သည် ၎င်းတို့သီတင်းသုံးသည့် ရွှေဗဟိုရွာ၊ ရွှေဗဟိုဘုန်းကြီးကျောင်း ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈.၄ သိန်းပြား၊ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ ဖျူးစ် ၁ ခု၊ (၅.၅၆)ကျည် ၅၅ တောင့်၊ (၇.၆၂) ကျည် ၃၉ တောင့် တို့ထပ်မံသိမ်းဆည်းရမိသည်။
.
သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်းမှာ ၄၂.၄ သိန်းပြား ( ၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၈၄၈၀၀ သိန်းကျပ်) ဖြစ်သည်။ သံဃာ ၂ ပါးအား  မောင်တောမြို့ မကျောင်းတိုက်တွင် သာသနာရေးဦးစီးဌာန တာဝန်ရှိသူများမှ ရွာသာယာကျောင်းထိုင် ဆရာတော် ထံတွင် သိက္ခာချလူဝတ်လည်ပြီး ဥပဒေအရေ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းဆေးပြား များအား ရွှေဗဟိုဘုန်းကြီးကျောင်းတိုက်သို့ လာရောက်ပို့ဆောင်သူ လင်းအောင်ရွှေ ဆိုသူအား ဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်လျှက်ရှိပါသည်။
.
 (နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment