Latest News

Friday, February 10, 2017

တရုတ်က အဝယ်နည်းနေ၍ မူဆယ် ၁၀၅ မိုင်တွင် ဖရဲသီးဈေးကျ

တရုတ်က အဝယ်နည်းနေ၍ မူဆယ် ၁၀၅ မိုင်တွင် ဖရဲသီးဈေးကျ


တရုတ်နိုင်ငံတွင် အ အေးဓာတ်ပိုသည့် ရာသီဥတုဖြစ် ပေါ်နေ၍ ဖရဲသီးစားသုံးမှုနည်းနေ သဖြင့် မူဆယ် ၁၀၅ မိုင်၌ ဖရဲသီး အဝယ်နည်းလာပြီး ဈေးကျဆင်း ခဲ့ကြောင်း သတင်းရရှိသည်။

‘‘အအေးလှိုင်းဖြတ်တော့ တ ရုတ်နိုင်ငံထဲမှာ ဖရဲသီးတွေ စား သုံးမှုက နည်းလာတယ်။ သူတို့ ဈေးကွက်မှာက သစ်သီးတွေ ပိုလျှံနေတော့ ဒီဘက်မှာ အဝယ်နည်း သွားတာပေါ့။ ဈေးကတော့ ဒီနေ့ သိသိသာသာ ကျသွားတယ်’’ဟု ၁၀၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင် က ပြောသည်။

ထို့ပြင် ယခုရာသီသည် ဗီယက်နမ်၊ လာအိုနှင့် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းတို့တွင် ဖရဲသီးပေါ်ချိန်ဖြစ်ပြီး တရုတ်နိုင်ငံထဲသို့ ဖရဲသီးအဝင်များနေခြင်းကြောင့် မြန်မာဘက်မှ ဖရဲသီးအဝယ်နည်း လာခြင်းဖြစ်ကြောင်း ဦးစိုင်းခင် မောင်က ဆက်လက်ပြောသည်။ မြန်မာနိုင်ငံမှ ဖရဲသီးများသည် ယင်းနေရာများမှ အသီးများထက် အရည်အသွေး ပိုကောင်းသော် လည်း လတ်ဆတ်မှုမှာ ယင်းနေရာ များက ပိုကောင်းကြောင်း ၎င်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၀ ရက်က ၁၀၅ မိုင်သစ်သီးဝလံဇုန်တွင် ဖရဲ သီးဈေးမှာ 855 မျိုးသည် တစ် ကီလိုလျှင် အနိမ့်ဆုံး ၁ ဒသမ ၆ ယွမ်မှ အမြင့်ဆုံး ၂ ဒသမ ၇ ယွမ်၊ ထိုင်ဝမ်သီးမှာ အလုံးအကြီးအ သေးအလိုက် နှစ်ယွမ်မှ ၃ ဒသမ ၃ ယွမ်၊ အစေ့မဲ့အသီးမှာ နှစ်ယွမ်မှ လေးယွမ်အထိရှိကြောင်း ခွာညိုသစ်သီးဝလံ ပွဲရုံမှ သတင်းရရှိ သည်။  ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က ဖရဲသီးဈေးမှာ 855 မျိုးသည် တစ်ကီလိုလျှင် အနိမ့်ဆုံး ၂ ဒသမ ၃ ယွမ်မှ အမြင့်ဆုံး လေးယွမ်၊ ထိုင်ဝမ်သီးမှာ အလုံးအကြီး အသေးအလိုက် ၂ ဒသမ ၅ ယွမ်မှ ၄ ဒသမ ၂ ယွမ်၊ အစေ့မဲ့သီးမှာ သုံးယွမ်မှ ၄ ဒသမ ၅ ယွမ်အထိ ဈေးရှိခဲ့သည်။

ဖရဲသီးများအထွက်များလာ သော်လည်း ၁၀၅ မိုင်သို့ နေ့စဉ် ဖရဲသီးကားအစီးရေ ၃၀၀ ခန့် ဝင် ရောက်နေကြောင်း သတင်းရရှိ သည်။ တရုတ်နှစ်သစ်ကူးပွဲတော် ရက်များအပြီး တရုတ်က အဝယ် ပါး၍ ဖရဲဈေးများ ကျနေခြင်း သည် နှစ်စဉ် ဖြစ်ပေါ်လေ့ရှိကာ မကြာမီ ပုံမှန်အရောင်းအဝယ် ပြန် ဖြစ်လာနိုင်သည်ဟု ၎င်းက ပြော သည်။

သခွားသီးများမှာ ၁၀၅ မိုင် သို့ အဝင်လျော့နည်းလာသဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအားမျှ နေကာ ပုံမှန်အရောင်းအဝယ်ဖြစ် နေသည်ဟု ဆိုသည်။



Sources : 7Day News Journal

No comments:

Post a Comment