သရုပ်ဆောင် ခိုင်နှင်းဝေမှ ပြည်ထောင်စုနေ့ အထိမ်းအမှတ်
ဖျော်ဖြေပွဲနှင့် တိုင်းရင်းသား ရိုးရာပြပွဲကို (၉)ရက်ကြာ ကျင်းပမည်
သရုပ်ဆောင် ခိုင်နှင်းဝေ ဦးစီးကျင်းပမည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲနှင့် တိုင်းရင်းသား ရိုးရာပြပွဲကို ဖေဖော်ဝါရီ (၁၀)ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖျော်ဖြေပွဲနှင့် တိုင်းရင်းသားရိုးရာပြပွဲကို ဖေဖော်ဝါရီ (၁၀) ရက်မှ (၁၉) ရက်ထိ (၉) ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပြည်ထောင်စုနေ့ကို ပြန်လည်အမှတ်ရစေရန် ကျင်းပခြင်းဖြစ်ကြောင်း ခိုင်နှင်းဝေက ပြောသည်။
“အစ်မတို့နိုင်ငံမှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်နဲ့ ပတ်သတ်ပြီး အထိမ်းမှတ်ဖျော်ဖြေပွဲတွေ၊ ပျော်ပွဲ ရွှင်ပွဲတွေကို မကျင်းပဖြစ်တာကြာပြီ။ ဒါကြောင့် အစ်မအနေနဲ့ အထိမ်းအမှတ်ပွဲလေးကျင်းပချင်တယ်။ ဒါကြောင့် သက်ဆိုင်ရာ အစိုးအရအဖွဲ့ကို ဒီလိုအစီအစဉ်လေးကျင်းပဖို့အတွက် စာတင်တဲ့အခါမှာ အစိုးရအဖွဲ့က ခွင့်ပြုတယ်။ ဒါကြောင့် ဒီပွဲလေးကို ကျင်းပဖြစ်တာပါ။”ဟု ခိုင်နှင်းဝေက ပြောသည်။
အဆိုပါ ဖျော်ဖြေပွဲမှာ ဝင်ကြေးအခမဲ့ဖြစ်ပြီး ရွှေထွဋ်တင်ကွင်းအတွင်း စတိတ်စင် ၂ ခု တည်ဆောက်ကာ အနုပညာရှင်များ ဖျော်ဖြေရန်တစ်စင်နှင့် မိုးကြိုးငှက်ငယ် အဖွဲ့ဖျော်ဖြေရန်တစ်စင် ဆောက်လုပ်ထားကြောင်း သိရသည်။
“စတိတ်က နှစ်ခုဆောက်မယ်။ ဝင်ကြေးက အခမဲ့ပါ။ ဖျော်ဖြေပွဲအပြင် တိုင်းရင်းသားတွေရဲ့ ရိုးရာပြပွဲတွေ ပါမယ်။ ဈေးရောင်းပွဲလည်းပါမယ်။ နောက်ပြီး တိုင်းရင်းသားရိုးရာအစားအစာတွေပါမယ်ပေါ့။ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဝင်နိုင်အောင်လုပ်ထားပါတယ်။”ဟု ခိုင်နှင်းဝေက ပြောသည်။
အဆိုပါ ဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၁၀)ရက် ညနေ(၄း၀၀)နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ဖျော်ဖြေပွဲတွင် အနုပညာရှင်များစွာ ပါဝင်ထားကြောင်း သိရသည်။
ရတနာပုံသတင်းစာ
Wednesday, February 8, 2017
သရုပ်ဆောင် ခိုင်နှင်းဝေမှ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲနှင့် တိုင်းရင်းသား ရိုးရာပြပွဲကို (၉)ရက်ကြာ ကျင်းပမည်
သရုပ်ဆောင် ခိုင်နှင်းဝေမှ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲနှင့် တိုင်းရင်းသား ရိုးရာပြပွဲကို (၉)ရက်ကြာ ကျင်းပမည်
Reviewed by Ar Ti
on
9:39 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment