Latest News

Tuesday, February 21, 2017

လေ့လာရေးခရီးထွက်တဲ့ ကျောင်းကား မှောက်လို့ ဖိလစ်ပိုင်ကျောင်းသား ၁၃ ဦးသေဆုံး

လေ့လာရေးခရီးထွက်တဲ့ ကျောင်းကား မှောက်လို့ ဖိလစ်ပိုင်ကျောင်းသား ၁၃ ဦးသေဆုံး

   
လေ့လာရေးခရီးထွက်တဲ့ကျောင်းကား မှောက်လို့ ဖိလစ်ပိုင်ကျောင်းသား ၁၃ ဦးသေဆုံး

ဖိလစ်ပိုင်မှာ အားလပ်ရက်လေ့လာရေးခရီးထွက်လာတဲ့  ကျောင်းကား တစ်စီးဟာ တနင်္လာနေ့မှာ တောင်ထူထပ်တဲ့ ဒေသတစ်ခုအတွင်း ဓာတ်မီးတိုင်ကိုဝင်တိုက်မိတာကြောင့် ကောလိပ်ကျောင်းသား ၁၃ ဦးနဲ့ ယာဉ်မောင်းတစ်ဦး သေဆုံးကာ ၄၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနီလာပုဂ္ဂလိက ကျောင်းတစ်ကျောင်းက ငှားပေးလိုက်တဲ့ သည်ကားမှာဆယ်ကျော်သက်အရွယ်ကျောင်းသား ၅၀ ကျော်နဲ့ ခရီးစဉ်လမ်းညွှန်သူတစ်ဦး လိုက်ပါလာတာဖြစ်ပါတယ်။ယာဉ်မောင်းကတနိုင်းမြို့ရဲ့ တောင်စောင်းတစ်ခုမှာအရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ရဲမှူးဂါအိုရန်ကပြောပါတယ်။

အခင်းဖြစ်ရာမှာ ကျောင်းသား ၁၀ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင် နောက်ထပ် လေးဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

သည်ဖြစ်ရပ်မှာ ကားက ဘရိတ်ပေါက်သွားတာဖြစ်ပုံရတယ်လို့ မြို့ရဲစခန်း ရုံးအရာရှိ မာတာ ကပြောပါတယ်။

ဒဏ်ရာရသူ ၄၀ နီးပါးမှာ ဆေးရုံကြီးကို တင်ပို့လွှဲပြောင်းဖို့ ဒဏ်ရာပြင်းထန်တဲ့သူတချို့ပါဝင်တယ်လို့ သူက ပြောပါတယ်။

YSD

Ref: AFP, Feb- 20, 2017

Kumudra

No comments:

Post a Comment