Latest News

Thursday, February 2, 2017

အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက်မှု နှစ်နှစ်အတွင်း ပြီးစီးမည်ဟု မျှော်မှန်းထား

အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက်မှု နှစ်နှစ်အတွင်း ပြီးစီးမည်ဟု မျှော်မှန်းထား



အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ညွှန်ကြားထားသော အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်မှုသည် နှစ်နှစ်အတွင်း ပြီးစီးမည်ဟု မျှော်လင့်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးသစ် ဂျွန်ကယ်လီက ဖေဖော်ဝါရီ ၁ ရက်တွင် Fox News သို့ ပြောကြားခဲ့သည်။ မှတ်ပုံမတင်ထားသော ရွှေ့ပြောင်းအခြေချများ၊ မူးယစ်ဆေးနှင့် ရာဇ၀တ်သားများ ၀င်ရောက်မှုတို့အား တားဆီးရန် ရည်မှန်းချက်ဖြင့် အမေရိကန်နယ်စပ် တောင်ဘက် မိုင် ၂၀၀၀ (ကီလိုမီတာ ၃၂၀၀) တစ်လျှောက် တံတိုင်းတစ်ခု တည်ဆောက်မည်ဟု မဲဆွယ်ကတိကို ဖော်ဆောင်ရန် ထရန့်က သမ္မတအမိန့်တစ်ရပ်အား လက်မှတ်ထိုးခဲ့သည်။

နယ်စပ်ရှိ ၆၅၃ မိုင်ခန့်တွင် လူနှင့်ယာဉ်များ ၀င်ရောက်မှုအား ပိတ်ပင်ရန် ခြံစည်းရိုးများ ခတ်ထားပြီးဖြစ်သည်။ နယ်စပ်တံတိုင်း တည်ဆောက်မှုသည် ဒေါ်လာလေးဘီလျံမှ ၁၀ ဘီလျံအထိ ကုန်ကျနိုင်ကြောင်း ထရန့်က ခန့်မှန်းထားသည်။ သို့သော် အချို့ က မိုင် ၄၀၀ ကျော် အကွာအဝေးအား ကာရံမှုသည် ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနိုင်ဟု ခန့် မှန်းထားသည်။ MIT Technology Review ကမူ သံမဏိနှင့် ကွန်ကရိ အသုံးချမည့် မိုင် ၁၀၀၀ ရှည်သော ယင်းတံတိုင်းသည် ဒေါ်လာ ၂၇ ဘီလျံမှ ဘီလျံ ၄၀ အထိ ကုန်ကျနိုင်သည်ဟု ခန့်မှန်း တွက်ချက်ထားသည်။

Writer:
Ref: AFP



Eleven Media Group

No comments:

Post a Comment