တိုင်းပြည်ခေါင်းဆောင်တွေအတွက် လိုအပ်တဲ့ အဆင့်မြင့် လုံခြုံရေး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံ ရေးကို ပြည်သူတွေက စိုးရိမ်လာကြပါတယ်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ - ၂၀၁၇ ခုနှစ် အစောပိုင်းမှာ ဖြစ်ပွားသွားတဲ့ လုပ်ကြံသတ်ဖြတ်မှုကြီးဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို သတိပေး ခြောက်လှန့်လိုက်ပြီဖြစ်ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ ကမ္ဘာတစ်လွှားက နိုင်ငံခေါင်းဆောင်အများစုဟာ လုပ် ကြံသတ်ဖြတ်မှုတွေခံခဲ့ရသလို မြန်မာနိုင်ငံမှာလည်း လွတ်လပ်ရေးမရခင်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးတွေလုပ်ကြံသတ် ဖြတ် ခံခဲ့ရတဲ့ အရိပ်ဆိုးရှိခဲ့ပါတယ်။
လက်ရှိတာဝန်ထမ်းဆောင် နေတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို စနစ်တကျဆောင်ရွက်ပေးဖို့ လိုအပ်လာပြီဖြစ်တယ် လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။
သည်နှစ် ဇန်နဝါရီလ ၂၉ ရက် နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေဦးကိုနီဟာ ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရပါတယ်။ သူဟာ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင် ရေးအတွက် အဟန့်အတားတစ်ခုလို့ ယူဆထားတဲ့ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်ပြုပြင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ နီးစပ်သူ အသိုက်အဝန်းက မှတ်ချက်ပြုပါတယ်။
ရန်ကုန်လေဆိပ်မှာဦးကိုနီ အသတ်ခံရပြီးတဲ့နောက်မှာ လေဆိပ်မှာတာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ဦးက ဝမ်းသာအားရဖြစ်ရတဲ့အကြောင်းရေးထားတဲ့ facebook status တစ်ခုကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံ ရေးကို ပြည်သူတွေက စိုးရိမ်လာကြပါတယ်။
တစ်ချိန်က အဲသည်ရဲဝန်ထမ်းဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးစည်းထဲမှာ ပါဝင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ခဲ့ဖူးတာ ကြောင့် ဖြစ်ပါတယ်။ သည်နှစ်အစောပိုင်းမှာဖြစ်ပွားသွားတဲ့ လုပ်ကြံမှုကြီးကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတော် ထိပ်တန်းခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
Winning Security Group ကုမဏီလီမိတက်က မန်နေးဂျင်း ဒါ ရိုက်တာ ဒေါ်စုစုလှိုင်က ‘လုံခြုံ ရေးကို မလုပ်သေးလို့ပါ၊ လုပ်မယ် ဆိုရင် အများကြီး လုပ်လို့ရတယ်၊ လုံခြုံစိတ်ချရတဲ့ စနစ်တွေ တကယ်ကောင်းပါတယ်”လို့ ပြောဆို ပါတယ်။
ရှုထောင့်စုံ
လက်ရှိတာဝန်ထမ်းဆောင်တဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ လုံခြုံ ရေးနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေ၊ ဟာကွက်တွေဟာ ရှုထောင့်ပေါင်းစုံမှာရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါ တယ်။ ဒါပေမဲ့ အဲသည်လိုအပ် ချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ပြောဆိုလိုက်တဲ့အချိန်မှ လုပ်ကြံလိုသူတွေကို အခွင့်အရေးပေး လိုက်သလိုဖြစ်သွားမှာ စိုးရိမ်တယ်လို့ ဒေါ်စုစုလှိုင်က ပြောပါတယ်။
‘လမ်းကြောင်းတွေက ပွင့်နေတာတော့ အန်တီမြင်နေရတာရှိပါ တယ်၊ အဲဒီပွင့်နေတဲ့ လမ်းကြောင်း တွေကို အန်တီပြောလိုက်ရင် ထိုးဖောက်သွားမှာစိုးတဲ့အတွက်ကြောင့်၊ အဲဒါကြောင့် အန်တီပြော လို့ မဖြစ်ဘူး”လို့ ဒေါ်စုစုလှိုင်က ပြောပါတယ်။
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာဟာ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ခေါင်းဆောင်တွေသာမက အဲသည်ခေါင်းဆောင်တွေရဲ့ နောက်ကွယ်မှာရှိတဲ့ ပညာရှင်တွေရဲ့ လုံခြုံရေးအတွက်ပါ စိုးရိမ်စရာအခြေအနေဖြစ် နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အဲသည်လို စိုးရိမ်စရာအခြေ အနေကို ဖြတ်ကျော်ဖို့အတွက် အနီးကပ်ကာကွယ်စောင့်ရှောက်ပေးရမယ့်အဖွဲ့အစည်းတစ်ခုလိုအပ်ပါ တယ်။
အနီးကပ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှာ ခေါင်းဆောင်တွေကို စောင့်ရှောက်မယ့်အနီးကပ်လုံခြုံရေးအဖွဲ့အစည်းတစ်ခုကို မဖြစ်မနေဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
၁။ ခေါင်းဆောင်တွေနဲ့ အနီးကပ် ရှိနေတဲ့ အဖွဲ့
၂။ အဆင့်မြင့်အဖွဲ့
သည်အဖွဲ့ဟာ ခေါင်းဆောင်တွေသွားမယ့်နေရာဌာနတွေမှာ ကြိုတင်ရောက်နေပြီး စစ်ဆေးတာ၊ မီးပွိုင့်တွေရဲ့အခြေအနေ၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို သူတို့က ကြိုတင်သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ်။
၃။ ယာဉ်မောင်းအဖွဲ့
ယာဉ်မောင်းအဖွဲ့ဟာလည်း ခေါင်းဆောင်တွေသွားမယ့် ကားတွေသွားမယ့် လမ်းကြောင်းတွေမှာ ခေါင်းဆောင်တွေကို အသွားမှာ တစ်နေရာ၊ အပြန်မှာ တစ်နေရာ နေရာပြောင်းထိုင်ခိုင်းတာတွေ၊ ကားနံပါတ်ပြောင်းပြီးစီးခိုင်း တာတွေလုပ်ပေးရမှာဖြစ်ပါတယ်။
၎။ ရွေ့လျားလုံခြုံရေးအဖွဲ့
သည်အဖွဲ့က လူတွေဟာ ခေါင်းဆောင်တွေသွားမယ့် လမ်းကြောင်းတွေမှာ ကြိုတင်သွားရောက်စစ်ဆေးပြီး အချိန်နဲ့ တစ်ပြေးညီ အခြားအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးနေရမှာဖြစ်ပါတယ်။
၅။ Command အဖွဲ့
ခေါင်းဆောင်တွေနဲ့ အနီးကပ် ရှိနေတဲ့ အဖွဲ့၊ အဆင့်မြင့်အဖွဲ့၊ ယာဉ်မောင်းအဖွဲ့၊ ရွေ့လျားလုံခြုံ ရေးအဖွဲ့စတဲ့အဖွဲ့အားလုံးကို တစ်နေရာတည်းက ထိုင်ပြီး ညွှန် ကြားပေးရမှာ ဖြစ်ပါတယ်။
မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးသိပံကျောင်းက ဒါရိုက်တာ ဦးနေဇော်အောင်က ‘လက်ရှိ မြန်မာနိုင်ငံက ဒီလိုအဖွဲ့တွေ ရှိမရှိဆို တာ မသိဘူး၊ မရှိရင်လဲ ဖွဲ့စည်းပေးရမယ်၊ ရှိပြီးသားဆိုရင်လဲ ကိုယ့်နာမည်နဲ့ ကိုက်ညီတဲ့ ပုံစံမျိုး လုပ်ပေးရမယ်”လို့ ဆိုပါတယ်။
သင့်၊ မသင့်
လုံခြုံရေးမှာ အနီးကပ်လုံခြုံ ရေးတာဝန်ယူနေရတဲ့ သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ စွမ်းဆောင်ရည် ဘယ်လိုရှိတယ်၊ လူ ဘယ်နှဦးရှိနေတယ်ဆိုတာကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြတာတွေဟာမလုပ်သင့်တဲ့ အပြုအမူတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစု ကြည် ဘေးမှာ လက်ရှိ အနီးကပ်တာဝန်ယူစောင့်ရှောက်နေတဲ့ အဖွဲ့ထဲက တစ်ယောက်ဆိုရင် ဘယ်လောက်အကွာအဝေးအထိပစ်နိုင်တယ်၊ ဘယ်လိုကာကွယ်မှုပေးနိုင်တယ် ဆိုပြီးတော့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ နေတာ ဖြစ်တယ်။
ဦးနေဇော်အောင်က ‘ဒီလိုထွက်လာတော့ လုပ်ကြံသူတွေအတွက် ဘယ်လိုလုပ်ကြံရ မယ်ဆို တာ သိသွားမယ်၊ အချက်အလက် တွေ ရသွားမယ်၊ ဒါကြောင့် ပြန်လည်ဆန်းစစ်ဖို့ လိုလာပြီ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခေါင်းဆောင်တွေကို လက်ရှိကာကွယ်ပေးနေတဲ့ အဖွဲ့က တပ်မတော်နဲ့ ရဲတပ်ဖွဲ့က တာဝန်ယူကာ လုံခြုံ ရေးကို စီစဉ်ပေးထားတာဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ လုံ ခြုံရေးကို ပြည်ထဲရေးက တာဝန် ယူထား တာဖြစ်ပါတယ်။ရပ်ကွက်အလိုက် ၊ မြို့နယ်အလိုက် အုပ် ချုပ်ရေးမှူး၊ ရဲတွေထားရှိထားပေ မဲ့ လူဦးရေအချိုးအစားနဲ့ မမျှတ တာကြောင့် ကိုယ်ပိုင်အစီအစဉ်နဲ့ ကုမဏီတွေဆီက လုံခြုံရေးဝန် ထမ်းတွေကို ငှားရမ်းအသုံးပြုနေ ကြပါတယ်။
အဲသည်လို ငှားရမ်းအသုံးပြု နေကြပေမဲ့ ကုမဏီတွေက ဝန် ထမ်းတွေကို ထိန်းကျောင်းပေး မယ့် ဥပဒေတွေ မထွက်ပေါ်သေးတာကြောင့် လုံခြုံရေးကဏ္ဍမှာ အားနည်းချက်တွေ ဖြစ်ပေါ်နေ တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။
‘ဥပဒေမရှိတဲ့အတွက်ကြောင့် သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေလဲ မရှိလာဘူးပေါ့နော်၊ နောက်တစ်ခု က ပုဂ္ဂလိက လုံခြုံရေးကို ဘယ်သူ ထိန်းကျောင်းသလဲ၊ မရှိသေးပါ ဘူး၊ ပြည်သူလူထုရော government sector နဲ့ရော ကင်းကွာနေတယ်၊ link မရှိဘူး၊ နောက်ပြီး ပုဂ္ဂ လိက လုံခြုံရေးနဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်တွေ link မရှိဘူး၊ အဲဒါ က ဒီနိုင်ငံ ရဲ့ အားနည်းချက်” လို့ ဒေါ်စုစုလှိုင်က ပြောပါတယ်။
အနီးကပ်လုံခြုံရေး
အစိုးရအဖွဲ့ဝင်တွေကတော့ အုပ်ချုပ်ရေးယန္တရားအောက်မှာရှိတဲ့ ရဲ၊ ထောက်လှမ်းရေးအဖွဲ့အ စည်းတွေကို အသုံးပြုကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျော် ကြားသူတွေကတော့ ပုဂ္ဂလိက လုံခြုံရေးကို ငှားရမ်းအသုံးပြုကြပါတယ်။
အစိုးရအဖွဲ့ဝင်လူကြီးတွေကို တာဝန်ယူစောင့်ရှောက်ရတဲ့ လုံခြုံ ရေးအဖွဲ့တွေဟာ အချက်လေးချက်ညီတဲ့သူတွေကို ရွေးချယ်ခန့်အပ်ဖို့ လိုအပ်တယ်လို့ ဦးနေဇော်အောင်က ပြောပါတယ်။
လုံခြုံရေးယူရမယ့် သူတစ် ယောက်ဟာ လူမှုဆက်ဆံရေး၊ စေ့စပ်သူ၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာ ကိုယ်အရွယ်အစားဟာ တိုက်နိုင် ခိုက်နိုင်ရမယ့်သူ၊ မျက်လုံးအ ကြည့်တွေကအစ ဒုက္ခပေးမယ့် အရိပ်အယောင်တွေ သိရှိနိုင်သူတစ် ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။
‘အရေးပေါ်အခြေအနေဖြစ် ပေါ်လာတယ်ဆိုလို့ရှိရင် ဘယ်လို တုံ့ပြန်မလဲ၊ အဲဒီလိုအခြေအနေမျိုးမှာ ဘယ်လို action ယူမလဲ၊ ဘယ်လို respond လုပ်မလဲ၊ ဘယ်လို report တင်မလဲ၊ အဲဒီလို လုပ်နိုင်မယ့် team တွေရှိဖို့လို အပ်နေတယ်၊ နောက် လေ့ကျင့်မှု တွေလဲများဖို့လိုတယ်˘ လို့ ဒေါ်စုစု လှိုင်က ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေက မြန်မာနိုင်ငံ ခေါင်းဆောင်တွေ လုံခြုံရေးနဲ့ပတ်သက်ပြီး နီးနီးနားနားက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ ဥပမာပေးပြောဆို ကြပါတယ်။
အိန္ဒိယနိုင်ငံက ရဲတွေဟာလည်း လာဘ်ပေးလာဘ်ယူမှုတွေနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ လုံခြုံရေး စောင့်ရှောက်ရာမှာ နိုင်ငံတော်ကစီစဉ်ပေးတဲ့ လုံခြုံရေးအဖွဲ့နဲ့ ပူး ပေါင်းပါဝင်ကြတယ်လို့ ပြောဆို ကြပါတယ်။
‘ပွဲတွေလုပ်တော့မယ်ဆိုရင် နိုင်ငံတော်ပိုင် လုံခြုံရေးတပ်ဖွဲ့က ပုဂ္ဂလိကပိုင် လုံခြုံရေးတပ်ဖွဲ့ကို ငှားရမ်းတယ်၊ ဘာဖြစ်လို့လဲဆို ရင် လုံခြုံရေးကို နှစ်ထပ်သော်လည်း ကောင်း၊ သုံးထပ်သော်လည်းကောင်း လုပ်လို့ရတယ်၊ public area မှာက လုံခြုံရေးကို နိုင်ငံပိုင် လုံခြုံရေးတွေက တာဝန်ယူတယ်၊ နောက်ကွယ်မှာ ပုဂ္ဂလိက လုံခြုံ ရေးကုမဏီက တာဝန်ယူတယ်၊ တချို့နိုင်ငံတွေမှာက အခြေအနေ ပေါ်မှာ မူတည်ပြီး လုံခြုံရေးအတွက် လိုင်စင်နဲ့ လက်နက်ကိုင် ဆောင်ခွင့်ပေးတာရှိတယ်”လို့ ဒေါ်စုစုလှိုင်က ပြောပါတယ်။
ဒါ့အပြင် သူက ‘security အဖွဲ့ကို security အဖွဲ့က ထပ်ပြီး လုံခြုံရေးပေးရတာမျိုးရှိတယ်၊အနီး ဗျူးက မမြင်နိုင်တာကို အဝေးဗျူးကနေ စောင့်ကြည့်ပေးနေ တာ၊ အဲ ဒါက လိုအပ်နေတာ”လို့ ဆက် ပြောပါတယ်။
ပေါင်းသင်းဆက်ဆံရေးအ ပိုင်းမှာလည်း လုံခြုံရေးရယူပေး သူဟာ နိုင်ငံခေါင်းဆောင်တွေနဲ့ အတူ နိုင်ငံတကာကို သွားရမှာဖြစ်တာကြောင့် လူမှုရေးကောင်းသူ၊ ယဉ်ကျေးသူတွေဖြစ်ရပါမယ်။
အရည်အချင်း
ခေါင်းဆောင်နဲ့ အတူသွားမယ့်နေရာမှာ ပေါက်ကွဲစနိုင်တဲ့ ပစ္စည်းတွေရှိမရှိ၊ ကိုယ်တာဝန် ယူထားတဲ့ ခေါင်းဆောင်က အန္တရာယ်ရှိလာတဲ့အခါ ဘယ်လိုလက်နက်နဲ့ ကာကွယ်ရမယ်ဆိုတဲ့ အရည်အချင်းရှိရမယ်လို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။
ဦးနေဇော်အောင်က “မီဒီယာတွေ စုပြုံတိုးလာတဲ့အခါ ဒါမှ မဟုတ် မကောင်းကြံတဲ့အဖွဲ့အစည်းတွေ ကာကွယ်ဖို့ လူမှုရေး ဆိုင် ရာ အားအရမ်းကောင်းဖို့လို တယ်၊ နိုင်ငံခေါင်းဆောင်တွေရှေ့မှာ ပိတ် ရပ်တယ်ဆိုရင်တောင် တွန်းထုတ် တာမျိုးမဟုတ်ဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ လုပ်ဖို့ အရည် အချင်းပိုင်းဆိုင်ရာတွေကောင်းဖို့ လိုတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လုံခြုံ ရေးအသုံးစရိတ်တွေကို မြှင့်တင်ပြီး ရဲတပ်ဖွဲ့ရဲ့ အရည်အသွေးနဲ့ နည်းပညာတွေကို အဆင့်မြှင့်တင် ပေးဖို့ လိုအပ်နေပါပြီ။ မြန်မာနိုင်ငံမှာ လူဦးရေ ၁၂၀ဝ ကျော်ကို ရဲတစ်ဦးကသာ တာဝန်ယူ ကြီး ကြပ် နေရပါတယ်။
သည်အချိုးအစားဟာ ဥပဒေစိုးမိုးဖို့ ၊ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လိုမှ မလုံလောက်တဲ့ အချိုးအစားဖြစ်တယ်လို့ ဒုရဲမှူးတစ်ဦးက ပြောပါတယ်။
နိုင်ငံတကာမှာ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ လူဦးရေ ၄၀ဝ မှာ ရဲတစ်ဦးနှုန်းနဲ့ စောင့်ရှောက်နေတာဖြစ်ပါတယ်။ အဲသည်အချိုးအစားဟာ တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ကတာဝန်ယူစောင့်ရှောက်နိုင်တဲ့ အချိုးအစားဖြစ်တယ်လို့ အဆိုပါရဲ မှူးက ပြောပါတယ်။
အချိန်ယူ
လူတစ်ယောက်က အခြားသူ တစ်ယောက်ကို ဒါမှမဟုတ် လူတစ်စုကို လုပ်ကြံသတ်ဖြတ်တာတွေ ပြုလုပ်လိုသူဟာ သူတို့တွေရဲ့ နေထိုင်ပုံ၊ သွားလာပုံ၊ သတင်းအချက်အလက်တွေကို ကြိုတင် စုဆောင်းထားတတ်ကြတယ်။
အချက်အလက်တွေစုံလင်တဲ့ အခါမှာတော့ လုပ်ကြံမှုကို အမှန် တကယ်ပြုလုပ်တတ်ကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ခေါင်းဆောင်တွေ သွားမယ့် ခရီးစဉ်အခြေအနေ အ တိအကျကို ကြိုတင်ကြေညာ ထားဖို့ မလိုအပ်ပေမဲ့ တကယ်လို့ သွားရောက်မယ်ဆိုရင်လည်း လုံ ခြုံရေးအဖွဲ့တွေကနေ ကြိုတင်သွားပြီးတော့ စစ်ဆေးတာမျိုးတွေကို အခြေအနေအရ ပြုလုပ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။
ဦးနေဇော်အောင်က “သီအိုရီ အရပဲ ကြည့်ကြည့် လူသားရှု ထောင့်ကပဲ ကြည့်ကြည့် မြန်မာနိုင်ငံဟာ အခုချိန်မှာ တော်တော်ဆိုးရွားနေတဲ့ အဆင့်ထဲမှာပါနေ တယ်”လို့ ပြောပါတယ်။
Author အေးအေးအောင်၊ ချမ်းသာ
ကုမုဒြာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment